11

1.2K 21 0
                                    

အပိုင်း ၁၁ :

နှစ်ယောက်သား အမျိုးသမီးများဝတ်ပြီးနောက် သူတို့တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြလေသည်။

နင်းချူးယွီက အရည်အသွေးမြင့် ဒူးဖုံးလောက်တဲ့ စကပ်အဖြောင့်ကို ၀တ်ဆင်ထားတာကြောင့် သူ့ရဲ့တုန်ယင်နေတဲ့ဖင်ကြီးတွေကိုတင်းကြပ်စွာထုပ်ပိုးထားလေ၏။  အဲ့တာကတင် မိန်းကလေးတွေထက် အနည်းငယ်ပိုထူသော သူ့ဒူးများကို ဖုံးထားရန် လုံလောက်ပြီ။  သူ့ခန္ဓာကိုယ်အပေါ်ပိုင်းမှာတော့ အနက်ရောင် ဘရာစီယာပေါ်နေအောင် ရှပ်အင်္ကျီအဖြူကို ၀တ်ထားကာ၊  လည်ပင်းတွင်လည်း ပိုးပဝါကို ပတ်ထားပြီး ရှည်လျားဖြောင့်စင်းသော အနက်ရောင် ဆံပင်တုကို ၀တ်ထားလေသည်။  ပေါ့ပါးသော မိတ်ကပ်လိမ်းခြယ်မှုကြောင့် သူဟာ ဥာဏ်ရည်ထက်မြက်သော အလှလေးတစ်ယောက်လို ဖြစ်နေတော့၏။

"မင်းကအရမ်းလှတာပဲ!"  လုရှင်းက က အော်ဟစ်လိုက်၏။

နင်းချူးယွီ ရှက်သွေးဖြာသွားကာ ပြောလိုက်သည်။

"မင်းလည်း အရမ်းလှတယ်"

လုရှင်း ခေါင်းငုံ့ပြီး သူ့ကိုယ်သူ ကြည့်လိုက်မိသည်။  သူ့ခန္ဓာကိုယ်က နင်းချူးယွီထက် ပိုသေးတဲ့အတွက် သူ့ဒူးကိုပြရာ၌ သက်တောင့်သက်သာ ခံစားရလေသည်။  သူ့အပေါ်ပိုင်းတွင် ကာကီရောင်သိုးမွှေးထိုးအင်္ကျီထည်နှင့် ဒူးအထက် ဆယ်စင်တီမီတာသာရှိသော အလွန်တိုသည့်စကပ်လေးတစ်ထည်ကိုဝတ်ဆင်ထား၏။ မိန်းကလေးဆန်တဲ့ အဖြူရောင်ခြေအိတ်လေးလဲပါသေးသည်။ ဖြန့်ချထားတဲ့ ခပ်တိုတိုဆံပင်တုလေးနဲ့ဆိုရင် သူဟာ ဖြူစင်ပြီး sexy ကျသည့် အပြစ်ကင်းစင်သော ကျောင်းသူလေးတစ်ဦးနှင့်ပင်တူနေတော့သည်။

လုရှင်းက က ပြုံးပြီး ရုတ်တရက်ဆိုသလို ရှေ့ကိုရောက်လာကာ သူ့လက်ကို နင်းချူးယွီရဲ့ စကပ်အောက်ကနေနှိုက်ပြီး ဖင်ကိုလက်နဲ့ညှစ်လိုက်လေ၏။  

“ကောင်းပြီ၊ ကောင်းပြီ ၊ငါတို့နှစ်ယောက်လုံးက လှတယ်။ မင်းကိုကြည့်ပါဦး၊ အပျက်ကောင်လေး! အောက်မှာ  အတွင်းခံတောင် မဝတ်ထားဘူး ပြီးတော့ မင်းရဲ့ပေါင်တွေကိုတောင်စိုကုန်စေသေးတယ်!"

အဖြောင့်ကောင်လေးနှစ်ယောက် [ဘာသာပြန်]Where stories live. Discover now