ဒါပေမဲ့ ကျွန်တော်တို့တွေ မခွဲခွာခင်အထိ အချင်းပွားခဲ့ကြတယ်။
ဟော့ယွီနှင့် ရှဲ့ချင်းချန်တို့မှာ စစ်ဆေးမှုတစ်လျှောက်လုံး၌ တစ်ယောက်ကို တစ်ယောက် လျစ်လျူရှုထားလိုက်ကြပါလေတော့၏။
စစ်ဆေးမှု အပြီးတွင် ရှဲ့ချင်းချန်သည် ရှဲ့ရွှယ်ကို ခေါ်၍ အိမ်ပြန်ဖို့ရာ သူ့သဘောနှင့် သူ တက္ကစီ ခေါ်လိုက်လေ၏။ ရှဲ့ရွှယ်မှာ ဟော့ယွီအား စောင့်ချင်သေးပါသော်ငြား ရှဲ့ချင်းချန်က ခွင့်မပြုခဲ့ဘဲ၊ စကား တစ်လုံးတစ်ပါဒရယ်မျှ မဆိုဘဲ ရှဲ့ရွှယ်ခေါင်းကို ဖိ၍သာ တက္ကစီထဲသို့ ထည့်လိုက်လေတော့၏။
ဟော့ယွီမှာမူ ၎င်းအတိုင်းတိုင်း ခပ်ဆိတ်ဆိတ်ကလေး လက်ကို နောက်ပစ်၍ တိုင်ကို မှီလျက်သာ ငေးကြည့်နေခဲ့ရှာလေ၏။ အသံရယ်လည်း မထွက်ပါသလို၊ အတင်းအကျပ်ရယ်လည်း မပြုပါဘဲ မိမိစွန့်ပစ်ခံလိုက်ရပြီ ဖြစ်ကြောင်း သိသော်ငြား ပြန်လိုက်မသွားနိုင်သည့် ခွေးလေး တစ်ကောင်ပမာနှယ် ဖြစ်နေသည်မှာ ရှဲ့ရွှယ်၏ စိတ်နှလုံးအား အလွန်တရာပင် မချမ်းမမြေ့ ဖြစ်စေလေသည်။
“ ဟော့ယွီ ...... ကော၊ ညီမလေးတို့ သူ့ကို ခဏလောက် စောင့်ကြရင်ရောဟင် ...... ”
“ တက်တော့ ”
“ ဒါပေမဲ့ ...... ”
“ တက်တော့လို့! ”
ရှဲ့ရွှယ်:“ ...... အဲ့ဒါဆိုရင် ဟော့ယွီ၊ မင်း အိမ်ပြန်ရောက်ရင် ငါ့ကို တစ်ချက် ပြန်ပြောဦးနော် ”
ရှဲ့ချင်းချန်:“ ပြောလို့ ပြီးပြီးလား?သွားမယ် ”
ရှဲ့ရွှယ်မှာ တစ်ခုခု ထပ်ပြောချင်နေသေးပါသော်ငြား ဟော့ယွီက ခပ်ဆိတ်ဆိတ် ရပ်နေရင်းက သူ(မ)ထံသို့ ခေါင်းခါပြလာရင်း စကား ထပ်မဆိုတော့ဖို့ရာ အချက်ပြလိုက်လေ၏။
ရှဲ့ရွယ်တစ်ယောက် ကားထဲသို့ ဝင်ထိုင်လိုက်ပြီးသည်နှင့် အကြင်သူသည် သူ(မ)ထံသို့ လက်ကလေးသာ ဝှေ့ယမ်းပြလာလေကာ၊ ထို့နောက်တွင်တော့မူ သူတို့ ကားကလေး ဝေးကွာသွားသည်ကိုသာ လိုက်ကြည့်နေလေတော့၏......
ရှဲ့ရွှယ်မှာ ထိုင်ခုံနောက်မှီပေါ် သို့ မှီချလိုက်ရင်း သက်ပြင်းချမိပါလေတော့၏။