ကျွန်တော့်ကို အစေခံလို ခိုင်းနေတာ။
“ ဒီ အဘိုးနာမည်က ကျွမ်းကျစ်ချန်ပါ၊ သူက တကယ်ကို ‘သံမှိုလို လူ’¹ တစ်ယောက်ဗျ ”
• [1] သံမှိုလိုလူ - မြေပိုင်ရှင်တွေဆီကနေ ဖိအားပေးခံနေရတာတောင်မှ နေရာမဖယ်ပေးတဲ့သူ။
နာရီဝက် အကြာတွင် ပြည်သူ့ရေးရာဝန်ကြီးဌာန၏ ဌာနခွဲဖြစ်သည့် လူမှုကယ်ဆယ်ရေးဌာနမှ အမှုထမ်းတစ်ဦးရောက်လာလေကာ၊ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများနှင့်တကွ ရှဲ့ချင်းချန်နှင့် အတူပါလာသော သူများ အားလုံးထံသို့ ကျေးဇူးတင်စကားဆိုရင်း အခြေအနေကို ရှင်းပြလာ၏။
ရှဲ့ရွှယ်နှင့် လူကြပ်နေသော ကားထဲသို့ လိုက်ပါစီးနင်းနိုင်ဖို့ရာ အတင်းကာရော ဖြစ်နေခဲ့သော ပိုင်ကျင်းတို့မှာလည်း မြေအောက်ကားပါကင်မှသည် အပေါ်သို့ တက်လာကြလေပြီ ဖြစ်ကာ ဆရာဝန်ရုံးခန်းရှိ ဆိုဖာပေါ်တွင် ထိုင်လျက် အသေးစိတ် အခြေအနေတို့ကို နားစွင့်နေကြ၏။
“ အဘိုးကျွမ်းကျစ်ချန် ...... အိုင်း၊ သူ့အခြေအနေက နည်းနည်း ထူးခြားတယ်ဗျ၊ ကျွန်တော်တို့ လူမှုကယ်ဆယ်ရေးဌာနရဲ့ တစ်လျှောက်လုံး မဖြေရှင်းနိုင်ခဲ့တဲ့ ပုစ္ဆာပေါ့ဗျာ ”
အမှုထမ်းသည် လက်များကို ဖျစ်ညှစ်လိုက်ရင်း၊ တစ်ခါသုံး ခွက်ထဲသို့ သူနာပြုလေး လောင်းထည့်ပေးထားသည့် လက်ဖက်ရည်ကို ပါးစပ်ထဲတွင် ငုံလိုက်ပြီး စုတ်သပ်၍ သက်ပြင်းချလျက် ဆို၏။
“ သူက လွန်ခဲ့တဲ့ သုံးနှစ်လောက်ကလား၊ သမီးကို ရှာချင်တယ် ဆိုပြီး ဟုမြို့တော်ကို ရောက်လာခဲ့တာ၊ ဒါပေမဲ့ ကျွန်တော်တို့တွေ သူရဲ့ သန်းခေါင်စာရင်းကို စစ်ဆေးကြည့်မိကြတော့ကျ သူက တစ်ယောက်တည်းနေတဲ့ အဘိုး ဖြစ်နေရော၊ နေရပ်ကလည်း ရှန်ကျိုးက ဥမင်အိမ်တွေထဲမှာဗျ၊ အဲ့ဒီနေရာက ခေါင်လွန်းလို့ ငှက်တွေတောင် နေလို့ မရကြဘူးလေ၊ ရေ ရဖို့တောင် နှစ်မိုင်လောက် လမ်းလျှောက်ရတဲ့ နေရာဆိုတော့ သူ့မှာ ဘယ်အိမ်နီးနားချင်းရယ်မှလည်း ရှိမနေဘူး။ ကျွန်တော်တို့ လူတွေလည်း သူတို့ရွာက လူတွေဆီ အထူးတလည် သွားပြီးကို မေးစမ်းကြည့်ကြသေးတယ်၊ အကုန်လုံးက ပြောကြတာက အဘိုးက အတော်လေးကို တသီးတသန့်နေတာတဲ့ဗျ။ သူ့အခြေအနေကို ဘယ်သူမှ ဂဃနဏ မသိကြဘူးရယ်။ ကျွန်တော်တို့တွေလည်း တစ်ခါက သူ့ကို နေရပ် ပြန်ပို့ပေးဖူးကြသားဗျာ၊ ဒါပေမဲ့ သိပ်မကြာပါဘူး၊ ဟုကျိုးကို ပြန်ပြေးလာတော့တာပဲ ...... အဲ့လို ဖြစ်တာကို ခဏခဏ ရှိနေပါပြီ ”
YOU ARE READING
Whimsical Tale: The Little Puppy Dragon & His Healer
Misterio / Suspensoဘီအေဘီပါပဲ။