ကျွန်တော် မထိန်းနိုင်ခဲ့လိုက်ဘူး။
ချန်မန့်ဟာ စိတ်မချပါသည့်တိုင် အဘယ်သောအခါတုန်းကမှ ရှဲ့ချင်းချန်ကို မနာခံဝံ့ရဲခဲ့သဖြင့် ထွက်ခွာသွားခဲ့ပါလေတော့၏။
ရှဲ့ချင်းချန်ဟာ တံခါးဝသို့ ရောက်လာ၍ ဟော့ယွီ ရှေ့တွင် ရပ်လိုက်ပေ၏။
ဟော့ယွီဟာ ဆုတံဆိပ် တပ်ဆင်ထားသော ဆုယူစဉ်က ဝတ်စုံဖြစ်သည့် ဟုကျိုးတက္ကသိုလ်မှ ယူနီဖောင်းနှင့်ပင် ရှိနေသေးဆဲ။
ရှဲ့ချင်းချန်က မျက်လုံးတစ်ချက် ဝေ့ကြည့်လာခဲ့ပြီး:“ ငါ မင်းကို တကယ်ကို ချီးကျူးရမှာပဲ၊ ကျောင်းသားသမ္မဂ ဥက္ကဋ္ဌကြီး ”ဟော့ယွီ:“ …… ”
“ မင်း ဘာပြောချင်တာ ရှိသေးလို့လဲ ”
သူ့မှာ ဘာပြောချင်တာ ရှိသေးလဲ?
စင်စစ် ဤ အမျိုးသားထံမှ မိမိအား ဝေးရှင့်တွင် ဖျက်ပစ်ရသည့် အကြောင်းအရင်းကို တောင်းဆိုနေသော မကျေမနပ် ဖြစ်နေသည့် မိန်းမကြီးနှင့်တော့ တူနေ၍ မရပါပေ။
သို့တိုင် သူ့အဖို့ မြေကြီးကို သုံးပေနက်အထိ တူးလျှင်ပင် သင့်လျော်သည့် အကြောင်းပြချက် တစ်စုံတစ်ရာအား ရှာတွေ့နိုင်လိမ့်မည် မဟုတ်ပါပေ။
ဟော့ယွီက ပြန်မဖြေခဲ့ပေ။ ရှဲ့ချင်းချန်ဟာမူ မျက်လုံးများကို ဖြည်းညှင်းစွာ မှေးကျဉ်း၍ သူ့ကို စစ်စစ်ဆေးဆေး ပြုနေခဲ့ရလျက်သား။
အနှီ အကြည့်များဟာ ဟော့ယွီကို စိတ်အနှောင့်အယှက် ဖြစ်စေသကဲ့သို့ ရတက်မအေးလည်း ဖြစ်စေပါ၏——ငယ်စဉ်က ရှဲ့ချင်းချန်ကို လိမ်ထားမိလျှင် ဖြစ်စေ၊ သို့မှမဟုတ် ရှဲ့ချင်းချန်အပေါ် ဖုံးကွယ်ထားသည့် ကိစ္စတစ်ခုခု ရှိခဲ့လျှင် ဖြစ်စေ ရှဲ့ချင်းချန်ဟာ သူ့ကို ဤသို့သော အကြည့်မျိုးဖြင့်သာ စိုက်ကြည့်လာတတ်ပါပေ၏။ သူ့ကို ထိုးဖောက်လာသည့် သို့နှယ် X-ray ပမာ အကြည့်မျိုးကို အခြားသူများထံမှ သူ လက်ခံရရှိခဲ့ဖူးခဲပါ၏။သူဟာ အလိုအလျောက်ပင် စိတ်အစိုးမရ ဖြစ်လာရတော့စွာ။
သူဟာ ရှဲ့ချင်းချန်၏ မျက်နှာကို ဝေ့ပတ်ကြည့်လိုက်မိရပါ၏။ ရေချိုးခန်းသုံး ဝတ်ရုံ၏ ကော်လာမှသည် ဆံနွယ်နက်နက်ကလေးတို့ တစ်လျှောက် တစက်စက်ကျနေခဲ့သည့် ရေစက်များထိတိုင်။
ရှဲ့ချင်းချန်တစ်ယောက် အိမ်ပြန်ရောက်ရောက်ချင်း ရေချိုးရသည့် အကြောင်းအရင်းကို ချန်မန့်က မသိရှိထားပါသည့်တိုင် ဟော့ယွီဟာတော့ ကောင်းစွာ နားလည်သဘောပေါက်နေခဲ့ရလျက်။
ကောင်းစွာ သဘောပေါက်လွန်းနေခဲ့ရခြင်းကြောင့်ပင် သူဟာ မသက်မသာ ခံစားနေရပါလေ၏——ရှဲ့ချင်းချန်ဘက်က သူ့ကို လက်ခံလိုက်ပြီး ဖြစ်၍ သူတို့ နှစ်ဦးသားဟာ နောင်တွင် အကြိမ်ပေါင်းများစွာ နှီးနွှယ်ကြရတော့မည်ကို အကြင်သူဟာတော့ သူ ချန်ရစ်ထားခဲ့သော အမှတ်သညာများကို ပြောင်စင်ရှင်းလင်းအောင် ဆေးကြောဖို့ ဤတမျှ အလျင်လိုနေခဲ့ရသည်တဲ့လား?
ထို့ပြင် ရှဲ့ချင်းချန်ဟာ ချန်မန့်ကိုလည်း သူနှင့်အတူ အိမ်ပြန်ဖို့ရာ ခွင့်ပြုခဲ့ပေသေး၏။
ယုတ်စွအဆုံး......ယုတ်စွအဆုံး ရှဲ့ချင်းချန်ဟာ ချန်မန့်အပေါ်တွင် ထိုတမျှ စိတ်ချလက်ချ ရှိနေခဲ့လွန်း၊ ထိုတမျှ ပေါ့ပေါ့ပါးပါးနိုင်နေခဲ့ရလွန်းသည်မှာ အိမ်တွင် ချန်မန့် ရှိနေသည်ကိုပင် အကြင်သူဟာ ရေချိုးဖို့ မှုမနေခဲ့။
ရှဲ့ချင်းချန်က သူ့စကားအား လုံးဝကို မယုံတာပင်။
ချန်မန့် ဟူသော စကားလုံးနှစ်လုံးဟာ ရုတ်တရက်ဆိုသလို သူ့အတွက် အရိုးတိုင်မည့် ပြည်တည်နာ တစ်ခု ဖြစ်လာခဲ့ရပြီး ဟော့ယွီကို အတိ ညှင်းပန်းနှိပ်စက်လာ၍ သူ၏ မျက်လုံးများကို မှေးမှိန်စေလာခဲ့တော့လျက်သား:“ သူကျတော့ရော?သူကျ ဒီလာပြီး ဘာလုပ်နေတာလဲ? ”
ရှဲ့ချင်းချန်မှာ ရုတ်တရက်ဆိုသလို အတန်ငယ် ဒေါသထွက်လာရတော့စွာ။
စင်စစ်မူ ချန်မန့်ဟာ မတိုင်ခင်က ရှဲ့ချင်းချန်၏ အိမ်တွင် တာဝန်ဆောင်ရွက်ချက် အစီအရင်ခံလွှာ အချို့ ကျန်နေခဲ့ခြင်းကြောင့်သာ လမ်းကြုံဝင်ယူဖို့ရာ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပါ၏။ ရှဲ့ချင်းချန်ဟာ ချန်မန့်အပေါ်တွင် သတိချပ်မနေမိခဲ့ပါပေ။ ထပ်လောင်း ပြောရပါလျှင် ဤ အခန်းငယ်လေးဟာ ပင်ကိုကတည်းကပင် ဤတမျှ ကျဉ်းနေခဲ့ရလေပြီ ဖြစ်ရာ ဤမျှ နေရာကျဉ်းကျဉ်းလေးထဲ၌ ချန်မန့်ဘက်က သူ့ကိုယ်ပေါ်မှ သူနှင့် မသက်ဆိုင်နေလေသော အနှီ အနံ့ကို သတိပြုမိသွားရမည်ကို သူဟာ စိုးရိမ်နေမိခဲ့ရပါလေ၏။
သို့ကြောင့် ချန်မန့် ရှိနေလျက်သားနှင့်ပင် သူဟာ ရေတစ်ထပ် ဦးစွာ ချိုး၍ ခန္ဓာကိုယ်တွင်းမှ အနှီအရာများကို ပြောင်စင်အောင် ဆေးကြောသန့်စင်ဖို့ရာ ဇွဲသန်နေမိခဲ့ခြင်းပေ။
အဘယ်သို့ဖြင့်များ ဟော့ယွီ၏ ပါးစပ်ထဲသို့ ရောက်သွားခါတွင်မှ အနှီတမျှ မခံမရပ်နိုင်ဖွယ်ကောင်းလောက်အောင် ညစ်ညမ်းနေခဲ့ရပါသနည်း?
ရှဲ့ချင်းချန်၏ မျက်လုံးထဲမှသည် အအေးဓာတ်များ ထွက်ပေါ်လာရတော့ကာ:“ မင်း ဘာဖြစ်နေတာလဲ၊ ဟော့ယွီ။ သူ ဒီကို လာတာ မင်းအပူ ဘာပါလဲ ”