- ၄၀ -

168 28 2
                                    

သူတို့ကို အတူတူ တားကြရအောင်။

ဟုကျိုးတက္ကသိုလ်၏ ပညာရေးဝန်ထမ်းဆောင်ဝယ်။

“ လူယွိကျူးရဲ့ ကိုယ်ရေးရာဇဝင်တွေ အကုန်လုံးက ဒီမှာ ” ဟော့ယွီက ဆက်စပ်နေသော ဖိုင်များကို ခပ်သွက်သွက် စစ်ဆေးကြည့်လိုက်ရင်း ရှဲ့ချင်းချန်နှင့် အတူ စခရင်ထက်တွင် ဖတ်ရှု‌ကြည့်လိုက်ကြပါ၏။

“ ဒီလူကို သတ်လို့ အကျိုးမရှိနိုင်ဘူး ”

နောက်ဆုံးသော အချက်အလက် တစ်ကြောင်းကို ဖတ်ရှုပြီးသွားသည်နှင့် ဟော့ယွီက ပီပီပြင်ပြင် ကောက်ချက်ချလိုက်၏။

“ သူက ခေါင်းစခြေဆုံး သူတို့ဘက်က လူပဲ ”
 
ရှဲ့ချင်းချန်:“ အဲ့ဒါဆိုရင် သူ့ကို ဘာလို့ သန့်စင် ‘ရှင်းလင်း’ရမှာလဲ? ”

“ ရှင်းလင်းရေး …… ”
  
ဟော့ယွီမှာ ဤ စကားလုံးကို ပြန်ပြောင်းတွေးတောလိုက်မိချိန်၌ အတွေးရေယာဉ်ကြောထဲတွင် နစ်မြောသွားရပေတော့၏။

“ မျိုးတူများသည်သာ မျိုးတူတို့ကို နားအလည်နိုင်ဆုံး ”—— ဟူသော ဆိုရိုးစကားကား မှန်ပါပေ၏။
  
ကျန့်ကျင့်ဖုန်းနှင့် မတူညီသည်မှာ ဟော့ယွီကား ဟတ်ကာ တစ်ယောက် ဖြစ်ကာ၊ အချက်အလက် ပို့ဆောင်ရေးပိုင်းမှ ပြဿနာတို့ကို ပို၍ နားလည်သကဲ့သို့ ပို၍လည်း အလေးပြုပါ၏။ ထို့ပြင် ကျိုးကြောင်းဆက်စပ် တွေးခေါ်ခြင်း အရာတွင်လည်း သူသည် တစ်ဖက်လူတို့ အပေါ် နားလည်နိုင်စွမ်းရည် ပိုမြင့်သည်ပေ။ စိတ်ရောဂါအား နှစ်ပေါင်းများစွာကြာ ဟန်ဆောင်ဖုံးကွယ်ထားခဲ့ရပြီး၊ သာမန်လူတို့၏ ဘဝများနှင့် ခြားနားခဲ့သဖြင့် သူ၏ ဦးနှောက်မှာ အလွန်တရာ ကွေ့ကောက်ပွေလီ၍ သတိရှိ၊ ထက်ရှသည် အထိ အသွေးခံထားခဲ့ရ၏။
  
သူသည် အချိန်အတန်ကြာ အလေးအနက် တွေးတောရင်း ပြတင်းအပြင်ဘက်မှ သွေးနီရောင် ဓားပမာသို့သော ရုပ်သံလွှင့်မျှော်စင်ကို ကြည့်နေခဲ့ပါ၏။ တဒင်္ဂတာမျှ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်မိပြီးနောက် “ရှင်းလင်းရေး” ဟူသော စကားလုံးထဲမှသည် တစ်စုံတစ်ရာကို ဆက်စပ်တွေးမိသွားရလေ၏။
  
သူသည် တစ်မုဟုတ်ချင်းပင် ထရပ်မိလိုက်လျက်၊ ဟုကျိုးတက္ကသိုလ်၏ ရုပ်သံလွှင့်မျှော်စင် အနောက်ဘက်ရှိ အဆောက်အဦကို ကြည့်လိုက်မိ၏။ မျက်လုံးများထဲမူ အထိတ်တလန့် ဖြစ်ရလုမတတ် ဖြစ်နေသော အလင်းရိပ်တို့ ဖြတ်ပြေးသွားရလျက်။

Whimsical Tale: The Little Puppy Dragon & His HealerWhere stories live. Discover now