အကြင်သူနှင့် အတူ အသူတစ်ရာ ချောက်နက်ထဲသို့ သက်ဆင်းခြင်း။
အသိအမြင်တို့ ပြိုလဲခဲ့ရမှု၊ သက်ဝင်ယုံကြည်ချက်တို့ ဆိတ်သုဉ်းခဲ့ရမှုကြောင့် ဤအခိုက်၌ ဟော့ယွီထံမှောက်တွင် အတိတ်မှ မိမိ၏ သတ်မှတ်ချက်များကို လုံးလုံးလျားလျား ပြောင်းပြန်လှန်ပစ်တော့မည့် အတွေးတို့ ပေါက်ဖွားနေရပြီမှန်း ရှဲ့ချင်းချန်ဟာ အလျှင်း မသိသေးပါချေ။
သို့တိုင် ဟော့ယွီထံမှ ချုပ်ကိုင်ဖိကပ်ခံလိုက်ရသည့် အနှီ တဒင်္ဂ၌ သူဟာ ဟော့ယွီ ဆုပ်ကိုင်ထားခြင်း မရှိသော အနှီ လက်တစ်ဖက်ကို မြှောက်၍ နံဘေးရှိ ဝိုင်တစ်ပုလင်းကို ဆတ်ခနဲ ဆွဲယူကာ၊ တစ်ဆက်တည်းတွင်ပင် မျက်တောင်တစ်ချက် မခတ်စတမ်း ခွမ်းခနဲ ရိုက်ခွဲပစ်လိုက်ပေ၏။
ဟော့ယွီ၏ အကြည့်များမှာ မှောင်မိုက်သွားရပြီး:“ ခင်ဗျား ဘာလုပ်နေတာလဲ? ”လက်ရှိအခိုက်၌ ရှဲ့ချင်းချန်မှာ 59 Plum Fragrance ထံမှ ခန္ဓာကိုယ်များ လောင်မြိုက်နေသည်အထိ ညှင်းဆဲခံနေရကာ၊ ထိန်းချုပ်၍ မရနိုင်သော ဇီဝကမ္မဆိုင်ရာ တုံ့ပြန်မှုတို့က သူ၏ စိတ်ပိုင်းဆိုင်ရာအား ပြိုလဲလာစေခဲ့၏။ သို့တိုင် သူဟာ အဘယ်မှာများ ထိုသို့နှယ် လွယ်လင့်တကူ အညံ့ခံမည့်သူ ဖြစ်နိုင်ပါအံ့။
သူကား စကားမဆိုချေဘဲ လေးလံပြင်းပြစွာ အသက်ရှိုက်ရှူနေရင်းမှသည် အနှီ ကျားသစ်ပမာ မျက်ဝန်းတစ်စုံကို ဝင့်၍ ဟော့ယွီ၏ မျက်နှာကို စိုက်ကြည့်လာကာ၊ ထို့နောက်တွင်မူ——အနှီ ယမကာပုလင်း အကွဲစကို မြှောက်၍ သူ့လက်ကောက်ဝတ်ထက်သို့သူ မျက်တောင်တစ်ချက် မခတ်စတမ်း ရက်ရက်စက်စက် ထိုးစိုက်ချပစ်လိုက်ပါလေ၏!!
သွေးများမှာ တစ်မုဟုတ်ချင်း ပန်းထွက်လာရတော့စွာ!
ရှဲ့ချင်းချန်က ရုတ်ချည်းပင် မျက်လုံးတို့ကို မှိတ်ချလိုက်လျက်၊ ဖြူဆုတ်နေခဲ့သော အောက်နှုတ်ခမ်းသားတို့ကို ခဲလိုက်ပါလေ၏။သည်းထန်လှသော ဝေဒနာက သူ့အား ရမ္မက်နွံထဲမှသည် ပြန်လည်ဆွဲထုတ်ပေးသွားနိုင်ခဲ့၏။ ရှဲ့ချင်းချန်မှာ အနှီသွေးစွန်းနေသော လက်နက်အား ဖြည်းညင်းစွာ ချလိုက်ရင်း၊ ရင်အစုံဟာ နိမ့်ချည်၊ မြင့်ချည် ဖြစ်နေရစွာဖြင့် ခေါင်းကို အနောက်ဘက်သို့ လှန်၍ လက်ဖက်ရည်စားပွဲ၏ မျက်နှာပြင်ထက်သို့ မှီချလိုက်လေ၏။
ဟော့ယွီက အကျည်းတန်လှသော မျက်နှာထားဖြင့် အကြင်သူ့အား စိုက်ကြည့်နေခဲ့လေ၏——
YOU ARE READING
Whimsical Tale: The Little Puppy Dragon & His Healer
Misterio / Suspensoဘီအေဘီပါပဲ။