" The call from the ancient temple "
အခန်း ( ၄ )
" Jay သားရေ မေမေတို့အဆင်သင့်ဖြစ်နေပြီး သားမပြီးသေးဘူးလား "
အောက်ထပ်ကနေ မာတာမိခင်၏ အော်ပြောသံက Jay ကို ဖိအားတစ်ခုပေးနေသလို ခံစားရလေတော့သည်။ အမြဲတမ်းလိုလို အေးအေးဆေးဆေးနဲ့ လုပ်တက်လွန်းသော Jay နဲ့ အမြဲလို အလျင်လိုစွာ အမြဲအလျှင်လိုနေသော သားအမိတို့သည် တစ်ခါတစ်ခါ ပဋိပက္ခတောင်ဖြစ်ရသေးသည်။ အခုလည်း အဖွားတွေရှိရာ နယ်မြို့လေးသို့ ကျောင်းပိတ်တုန်းခဏသွားမလို့ ပြင်ဆင်နေခြင်းပါ။
" ပြီးပါပြီးမေမေရာ မေမေတို့ကလည်း လောနေတာပဲ ကိုယ့်အိမ်ကကားနဲ့ပဲ သွားတာကိုများ "
" ဟဲ့ အချိန်အခါဆိုတာရှိသေးတယ်လေ ပြီးတော့လည်း သားကိုကလည်း အေးဆေးလွန်းပါတယ် "
" အဲတော့ အမှားနည်းတာပေါ့ အမေရာ "
" ငါထခေါက်လို့ ခေါက်ကနဲ မြည်နေဦးမယ် မြန်မြန်ဆင်းလာတော့ "
မိခင်ရဲ့ပြောစကားနဲ့အတူ Jay တစ်ယောက်ဆင်းလာပါတော့သည်။ ခရီးသွားအိတ်ဆောင်တစ်လုံးနှင့် ကျောပိုးအိတ်လေးတစ်လုံးပါ။
" အခန်းတံခါးတွေ သေချာပိတ်ခဲ့ရဲ့လား "
" ပိတ်ခဲ့ပါတယ်မေမေရာ "
" အဲတာဆိုလည်းသွားမယ် ဖေကြီးရေ သွားရအောင် "
" မင်းတို့သားအမိ အဆင်ပြေပြီးမဟုတ်လား "
" ပြေပါပြီးတော် ရှင်ကလည်း "
" အေး ပြေဖို့ပဲလိုတယ် နောက်ဆိုကားပေါ်မှာ ငါနားငြီးမခံနိုင်ဘူး "
" ကဲပါ သွားစရာရှိ သွားမယ် "
ဒေါ်ရိုစီလင်းတစ်ယောက် အိမ်တံခါးတွေသေချာပိတ်ပြီး ကားပေါ်သို့ လိုအပ်တာများတင်လာကာ ခရီးလေးတစ်ခု မိသားစုအလိုက် ထွက်ခဲ့ကြလေတော့သည်။ ငယ်ငယ်လေးကတည်း နေခဲ့သော ဇာတိမြို့လေးဖြစ်သလို မိခင်ကြီးလည်း ထိုအရပ်မှာပင်ရှိနေသောကြောင့် သားတော်မောင်ကျောင်းပိတ်တော့ မိခင်ကိုလည်းတွေ့ရရင်း မိမိရဲ့ ဇာတိမြို့လေးကိုလည်း ခဏတာအလည်အပတ် လာခဲ့ခြင်းပါ။
YOU ARE READING
The call from the ancient temple
Fantasyသွေးသောက်လူသားတွေရဲ့ အကြောင်းကို စိတ်ကူးယဉ်ဆန်ဆန်ရေးဖွဲ့ထားသော Boy Love story တစ်ပုဒ်ဖြစ်ပါသည်။