" The call from the ancient temple "
အခန်း ( ၇ )
Jay တစ်ယောက် အိမ်မှာနေရတာ ပျင်းလာတာနဲ့ ညနေစောင်းလေးလည်း ဖြစ်တာမို့ တစ်ယောက်တည်း လမ်းလျှောက်ထွက်လာခဲ့လေသည်။ အိမ်ကနေထွက်လာတော့ စိတ်ထဲမှာ အေးအေးဆေးဆေးပဲ ဖြစ်နေပေမယ့် နာရီဝက်လောက်ရှိလာတော့ စိတ်ထဲမှာ တစ်စုံတစ်ယောက်က သူ့နောက်အား လိုက်နေသလို ခံစားရလေတော့သည်။ စိတ်ထဲမှာလည်း မသိုးမသန့်နဲ့ ခံစားရလာလေတော့သည်။
" ငါ့နောက်ကို တစ်ယောက်ယောက်ကများ လိုက်နေသလား "
တစ်ယောက်တည်း တွေးထင်ရင်း တောင်ကြည့်မြောက်ကြည့် ကြည့်မိတော့လည်း ဘာမှမတွေ့ပါပေ။
" ငါ့စိတ်ကထင်နေတာနေမှာပါ "
ကိုယ့်ကိုကိုယ်ဖြေတွေးရင်း လမ်းလျှောက်သွားလေတော့သည်။ လျှောက်နေရင်းနဲ့ ကြောင်လေးတစ်ကောင်ဟာ သူသွားမယ့်လမ်းလေးရဲ့ မလှမ်းမကမ်းမှာ သူ့ကိုစိုက်ကြည့်နေတာကို သူတွေ့ရလေသည်။
" ဟင် ကြောင်လေးတစ်ကောင်ပါလား "
ကြောင်လေးဟာ အဖြူနဲ့ အနက်ရောင် စပ်ကြားလေးဖြစ်ပြီး အရမ်းချစ်စရာကောင်းသော ပုံစံလေးပါ။ ကြောင်လေးတွေကိုချစ်တက်သော Jay က ကြောင်လေးကိုတွေ့တော့ ပွတ်သပ်ပေးချင်မိလေသည်။ ထို့ကြောင့်လည်း သူအနားလေးသို့ ဖြည်းဖြည်းလေးသွားလေတော့သည်။ ကြောင်လေးကလည်း သူအားရင်းနှီးနေဟန်ဖြင့် မကြောက်မလန့်ဘဲ ချစ်စရာကောင်းအောင်လို့ အမူအရာလေးနဲ့ လုပ်ပြနေသေးသည်။ Jayလည်း ကြောင်အနားလေးသို့ ဖြည်းဖြည်းချင်းတိုးသွားလေ ကြောင်လေးဟာ တစ်ဖြည်းဖြည်း အဝေးသို့ ရောက်သွားလေဖြစ်နေတော့သည်။ ပထမတော့ Jay လည်း သတိမထားမိပေမဲ့ နောက်ပိုင်းကြတော့ သတိထားမိလာလေတော့သည်။
" မဟုတ်သေးပါဘူး ဘာလို့ငါသွားနေတာ ကြောင်လေးဆီကို မရောက်ဘဲဖြစ်နေတာလဲ တစ်ခုခုတော့ မှားနေပြီး "
YOU ARE READING
The call from the ancient temple
Fantasyသွေးသောက်လူသားတွေရဲ့ အကြောင်းကို စိတ်ကူးယဉ်ဆန်ဆန်ရေးဖွဲ့ထားသော Boy Love story တစ်ပုဒ်ဖြစ်ပါသည်။