" The call from the ancient temple "
အခန်း ( ၉ )
မိုးသစ်နေတစ်ယောက် စိတ်မထိန်းနိုင်တဲ့အဆုံး လူ့သွေးကို သူ့သဘောနဲ့သူ ပထမဆုံးသောက်သုံးမိခဲ့ခြင်းပါ။ သူအိမ်ရောက်တော့ သူစိတ်တွေလည်း အထိုက်အလျောက်တော့ ပြေပျောက်နေပါပြီး။ သူ့စိတ်တွေကို သူပြန်ဆန်းစစ်နေမိသည် ဘာကြောင့်များအခုလို သူလုပ်မိတာလဲပေါ့။ သို့ပေမဲ့ သူ့ဆန္ဒအရဆိုပေမဲ့ မမြင်နိုင်သော စွမ်းအားလေးတစ်ခုက သူ့အားထိုကိစ္စအထမြောက်ဖို့ကို တွန်းအားတစ်ခုပေးနေသလိုလည်း ခံစားရလေတော့သည်။ နောက်တစ်ခုထူးဆန်းတာက အရင်ကထက်ပိုပြီး ပေါ့ပါးကာ ကျန်းမာနေသလို ခံစားရလေတော့သည်။
သူ့အိမ်သို့ရောက်တော့ ဖခင်နဲ့မိခင်ကပါ စိုးရိမ်တကြီးနဲ့ သူ့အားကြည့်ကြလေတော့သည်။ တစ်စုံတစ်ခုကိုသိနေသည့်ဟန်နှင့် သူ့အားစိတ်ပူစွာကြည့်နေကြတော့ သူပြန်ပြောခဲ့ရသေးသည်။
" သားဘာမှမဖြစ်ပါဘူး မေမေနှင့် ဖေဖေ "
" အေးပါ အေးအေးဆေးဆေးနားလိုက်သား သားပင်ပန်းလာတယ်ထင်တယ် "
အလိုက်သိတာလား၊ ဒါမှမဟုတ် သူ့တို့သားအကြောင်းသူတို့သိနေလို့လားတော့ မပြောတက်ပေမဲ့ သူ့အားစိုးရိမ်တကြီးဖြစ်နေတာတော့ သူသိပါသည်။ သူလည်းရေမိုးချိုးပြီး ပေါ့ပါးလန်းဆန်းစွာနှင့် အိပ်ယာပေါ်သို့ ပစ်လဲလိုက်တော့ ချက်ချင်းပင် အိပ်ပျော်သွားလေတော့သည်။ အိပ်ပျော်တာနဲ့ချက်ချင်းပင် သူမက်နေကျအိပ်မက်လေးကို မက်လေတော့သည်။ အခုတစ်ခါက အရင်ကထက်ပိုပြီး ရှည်လျားတဲ့အိပ်မက်လို့ ပြောလို့ရပေမည်။ ပိုပြီးလည်း ထူးဆန်းနေသည်။
ထုံးစံအတိုင်း သူကျောင်းတော်ကြီးထဲဝင်သွားတော့ အရင်လိုမျိုးမဟုတ်ဘဲ သူ့အား ဝတ်စုံအရောင်စုံကိုခြုံထားကျသူများအား ပန်းပေါင်စုံနဲ့ သူ့အားပေါက်ကြကာ ကောင်းချီးပေးချီးမွမ်းကြလေတော့သည်။ သူ့အဆင့်နဲ့သူရပ်တည်နေကြပြီး ခေါင်းဆောင်သုံးဦးတို့ကတော့ ခန်းမကြီးရဲ့ စင်မြင်ပေါ်ရှိ ခုံသုံးလေးပေါ်မှာ တည်ငြိမ်စွာနဲ့ ထိုင်နေကြလေတော့သည်။
YOU ARE READING
The call from the ancient temple
Fantasíaသွေးသောက်လူသားတွေရဲ့ အကြောင်းကို စိတ်ကူးယဉ်ဆန်ဆန်ရေးဖွဲ့ထားသော Boy Love story တစ်ပုဒ်ဖြစ်ပါသည်။