English Title : Blooming Flowers, Slient Sorrow
Total Chapter : 118
Update schedule : 2 Chapters per week
ဝဝဖိုင့်ဖိုင့် သခင်လေး (ရှို့) vs. ရေခဲလိုအေးစက်သည့် အလှလေး (ကုန်း)
ကျန်းနန်ရှိ အကြွယ်ဝဆုံး သူဌေးကြီး၏သားက ထင်မှတ်မထားသော ဖြစ်ရပ်တစ်ခုကြောင့် အေးတိအေးစက် အဖြူရောင်ဝတ် "အလှလေး"ကို ချစ်မြတ်နိုးမိသွားခဲ့သည်။ သို့သည့်တိုင် တကယ်တမ်းတော့ ဤ"အလှလေး"၏ သရုပ်မှန်မှာကား....။ထူးကဲကောင်းမွန်လှသော စိတ်နေစရိုက်နှင့် ချောမောခံ့ညားသူ :
ကျင်းရှောင်းပေါင်သည်ကား ထိုကဲ့သို့ ညွှန်းဆိုခံရဖို့ ကံပါမလာခဲ့ပါ။ သို့သော်ဟာသဉာဏ်ရွှင်ကာ သူများအတွက် စဉ်းစားပေးတတ်ပြီး ရက်ရက်ရောရောရှိသူတစ်ဦးဖြစ်သည့် ကြီးကျယ်လှသော ကျင်းမိသားစု၏ သခင်လေးအနေဖြင့် တစ်ဖက်လူက ဧကရာဇ်အရှင်၏ သမီးတော်ဖြစ်နေလျှင်တောင် သူနှင့် ပြီးပြည့်စုံစွာလိုက်ဖက်နေမည်ဖြစ်ပါသော်လည်း သနားစရာ ဝတုတ်တုတ် ကျင်းရှောင်းပေါင်လေးမှာ မင်္ဂလာရေးကမ်းလှမ်းချက်များအားလုံး ကျရှုံးခဲ့ရသည်။ သို့ပေမဲ့ ဒီဝတုတ်ကလေးအတွက် တံခါးများစွာ အကြိမ်ကြိမ်အခါခါ ပိတ်သွားခဲ့ပြီးနောက် သူဟာ ထင်မှတ်မထားစရာကောင်းလောက်အောင် ဒီညမှာ တိုက်တိုက်ဆိုင်ဆိုင် နတ်သမီးလေးတစ်ယောက် ကောက်ရခဲ့တယ်တဲ့လား?!
သူ ထိုပြိုင်ဘက်ကင်းလှပသော မျက်နှာအစိတ်အပိုင်းများကို ငေးရင်း ထိုရှိန်လောက်စရာ ရေခဲတုံးလိုအေးစက်သည့် အပြုအမူများကို စူးစိုက်ကြည့်လို့နေသည်။ — အဖေနဲ့အမေတို့~ အဖေတို့သားတော့ မိန်းမရှာတွေ့ပြီဗျ! သို့သော် ဤ သူ့၏ဇနီးလောင်း၊ မိန်းကလေးဟွိုင်အန်းသည် အမုန်းတရားရန်ငြှိုးများစွာ ဆွထားမိပုံပေါ်သည်။ နောက်ထပ်တဖန် မှောင်မည်းလေထန်သော လမိုက်ည၊ သွေးစွန်းည၌ အပြင်းအထန် ဒဏ်ရာရထားသော ဟွိုင်အန်းမှာ ရန်သူ့ထံမှ ကာမစိတ်ကြွဆေး ခတ်ခံလိုက်ရသည်။ သူရဲကောင်းက အလှလေးကို ကယ်တင်ဖို့ သည်လောက်ကောင်းလိုက်တဲ့ အခွင့်အရေးမျိုး! သို့သော် ခမ်းနားဝံ့ကြွားစွာ ထွက်လာသည့် ကျင်းမိသားစုသခင်လေးမှာ ထင်မှတ်မထားစွာဖြင့် "ဇနီးလေး"ဆီကနေ အသည်းအသန် လှဲချခံလိုက်ရသည်တဲ့?!
YOU ARE READING
မက်မွန်ပန်းတွေပွင့်လို့ဝေတိတ်တဆိတ်ဝမ်းနည်းနေ
Historical Fictionဘာသာပြန် by Legacy Novel Translation