အပိုင်း (၃)
"သခင်လေးရာ၊ ဘာလို့ မဖြစ်မနေ ညဘက်ကြီးမှ ခရီးထွက်ရတာတုန်း၊ ပင်ပန်းလိုက်တာ"
ကျောင်းချိုင်က ပါးစပ်အကျယ်ကြီးဟကာ သမ်းလိုက်ပြီး ပြောသည်။
ရှောင်းပေါင်က သူ့ကို ကန်လိုက်၏။
"မင်းငယ်ငယ်တည်းက သိုင်းလေ့ကျင့်ခဲ့တာဆို၊ ဒီလောက်ခဏလေးနဲ့ ပင်ပန်းနေပြီလား"
အစေခံခွေးကောင်လေး၏ ခပ်တောင့်တောင့်တင်ပါးကို ကန်ရသည်မှာ ဆော့လို့ကောင်းသဖြင့် ရှောင်းပေါင် တစ်ချက်နှစ်ချက်မျှ ထပ်ကန်လိုက်သည်။
ကျောင်းချိုင်က အလျင်အမြန် တစ်ဖက်ရွှေ့သွား၏။
"သခင်လေး၊ ဒါတော့ မတရားဘူးဗျာ၊ သခင်လေးကကျ လှည်းထဲ သက်တောင့်သက်သာ နွေးနွေးထွေးထွေး ဇိမ်ကျကျနဲ့ လှဲနေပြီးတော့ ကျွန်တော်တို့က ဒီမှာ အေးခဲနေရတာ သုံးလေးရှီချန်လောက် ရှိပြီဗျ၊ ကြည့်ပါဦး၊ ကျွန်တော့်လက်တွေဆို လှည်းမောင်းရတာနဲ့ ခဲပြီး ခရမ်းရောင်သန်းနေပြီ"
ရှောင်းပေါင်က တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။
"အဲ့ဒါကြောင့်မို့ သခင်လေးငါက မင်းတို့ကို အထဲမှာ ခဏနားခိုင်းမလို့ပဲလေကွာ မဟုတ်လို့လား၊ မင်းပဲအထွန့်တက်နေတာ၊ ကျင့်ပေါင်ကိုကြည့်စမ်း၊ သူ စကားတစ်လုံးဝင်ပြောလား"
သူ့အသံမဆုံးသေးခင်မှာပဲ အနောက်မှနေ ကျင့်ပေါင်၏ ခလူးခလောဟောက်သံများ ပျံ့လွင့်လာသည်။
ရှောင်းပေါင် မျက်နှာမည်းကျသွား၏။ သူ ကျောင်းချိုင်အား ရက်စက်စွာ စိုက်ကြည့်လိုက်သည်။
"ငါ ဘာလို့များ မင်းတို့အသုံးမကျတဲ့နှစ်ကောင်ကို ပျိုးထောင်ထားမိပါလိမ့်နော်၊ ကောင်းတာကျ မသင်ယူဘဲ အပျင်းထူဖို့ အစားကြီးဖို့ပဲသိတယ်။ ကဲပါ ကဲပါ၊ အိပ်တော့၊ မင်းတို့နိုးမှ ခရီးဆက်ကြမယ်"
ကျောင်းချိုင်က ခပ်ဖွဖွရယ်လိုက်ပြီး သူ့ကို မျက်နှာချိုသွေးဖို့ ကြိုးစား၏။
VOUS LISEZ
မက်မွန်ပန်းတွေပွင့်လို့ဝေတိတ်တဆိတ်ဝမ်းနည်းနေ
Fiction Historiqueဘာသာပြန် by Legacy Novel Translation