Chapter 12

81 12 0
                                    


အပိုင်း (၁၂)

ဒီလိုအချိန်မျိုးတွင် ချန်းယောင်ကျင်း*တစ်ယောက် ထွက်ပေါ်လာလိမ့်မည်ဟု ဘယ်သူမှ ထင်မထားမိကြပေ။

(T/N : ချန်းယောင်ကျင်းဆိုတာ သမိုင်းထဲက စစ်သူကြီးတစ်ယောက်ပါ၊ သူ့ပုံစံက ဝဝကြီးမို့ ရှောင်းပေါင်ကို တင်စားပြီးပြောတာပါ XD )

ထိုလူနှစ်ယောက်စလုံးမှာ မိမိကိုယ်ကို ဒဏ်ရာပြင်းပြင်းရထားမှန်း သိပြီး ကြိုတင်ခန့်မှန်းမထားသော အခြေအနေများ ဖြစ်ပျက်လာသောအခါ အလျင်အမြန် နောက်ပြန်ဆုတ်သွားကြ၏။

သေချာကြည့်လိုက်သောအခါတွင် လက်စသတ်တော့ ၎င်းက ခြုံပုတ်များကြားမှ ခုန်ထွက်လာသည့် ဝဝတုတ်တုတ် လူငယ်လေးတစ်ယောက်ဖြစ်ကာ သူက ယိုင်တိယိုင်တိုင်ဖြင့် လမ်းလျှောက်လာ၏။ သူက ဓားရှည်ကြီးကို ဝှေ့ယမ်းရင်းဖြင့် နှစ်ကြိမ်မျှပင် ခြေချော်သွားပြီး ဟွိုင်အန်း၏နံဘေးသို့ ပြေးလာသည်။

"မိန်းကလေးကျန့် အဆင်ပြေရဲ့လားဗျ၊ နောက်ကျသွားတဲ့ ကျွန်တော့်အပြစ်တွေပါပဲဗျာ၊ မကြောက်နဲ့၊ အကုန်လုံးကို ကျွန်တော့်ဆီသာအပ်ထားလိုက်!!"

ရှောင်းပေါင်မှာ နူးနူးညံ့ညံ့စိုးရိမ်ပူပန်မှုတို့ပြည့်နေသောမျက်နှာ၊ တည်ငြိမ်ခိုင်ခံ့သော အမူအရာတို့ဖြင့် စိတ်အေးစေသည့်စကားများ ပြောနေသော်လည်း သူ့ခြေထောက်များကတော့ ကြောက်၍ တုန်ယင်လို့နေသည်။

ဟွိုင်အန်းက မျက်လုံးများ အနိုင်နိုင်ဖွင့်လိုက်ပြီး အတော်အတန် အံ့အားသင့်စွာဖြင့် သူ့ကိုကြည့်လာသည်။ ဟွိုင်အန်း၏ ပြန့်ကျဲနေသောအကြည့်များက တဖြည်းဖြည်း ကြည်လင်လာ၏။

ရှောင်းပေါင်က သူမကို ကာကွယ်ပေးထားလျက် တစ်ဖက်လှည့်လိုက်ပြီး မားမားမတ်မတ်ရပ်လျက် သူရဲကောင်းဆန်စွာဖြင့် ဓားကို ဆန့်တန်းလိုက်သည်။ သို့သည့်တိုင် သူ့၏ အကြောက်ကြောက်အရွံ့ရွံ့ဖြင့် တုန်ယင်နေသော ညာဘက်လက်က သူ့ကိုသစ္စာဖောက်နေ၏။

"အမေရေ့၊ ပုံမှန်ဆို သတိမထားမိပေမယ့် ဒီဓားက မတရားလေးလွန်းတယ်ဟ။ တန်တယ်ကွာ! သုံးလိုက်ရတဲ့ငွေတွေနဲ့ သောက်ရမ်းတန်တယ်၊ သံထည်အပျက်အဖြစ် ထုတ်ရောင်းရင်တောင် ချိန်ခွင်တွေပျက်ကုန်မှာပဲ!!"

မက်မွန်ပန်းတွေပွင့်လို့ဝေတိတ်တဆိတ်ဝမ်းနည်းနေWhere stories live. Discover now