|| အပိုင်း ၂၈ ||

126 20 6
                                    

Song recommendation : မင်းအတွက်ဆိုရင်ဇော်ပိုင်

စွန်ကလေးက ကြိုးနဲ့မြဲနေဖို့ ငါဘယ်လိုအင်အားမျိုးနဲ့ ဆွဲချည်ထားပါ့လဲ အနိုင်ရယ်ငါ့ရင်ဘတ် သိပ်သည်းထဲမှာ မင်းအရိပ် ကပ်ညှိနေပြီးကတည်းက ငါ့ကောင်းကင်မှာ နေမသာတော့မှာ စိုးခဲ့တာခြေဆန့်လက်ဆန့်သာအောင် ကျယ်၀န်းတဲ့ ဝေဟင်ထက်မှာ မင်းဆိုတဲ့ ဇာဏီငှက်တစ်ကောင်ကတော့ လွတ်လွတ်လပ်လပ် ပျံသန်းလို့ကြောင်းပေါ့ အနိုင်တောင်ပံခတ်သံကြားရုံနဲ့တင် ငါ့တိမ်ဆိုင်တွေက မင်းစေလိုရာအတိုင်း ပြေးစုလိုက်မင်းနှုတ်သီးအစွန်းအဖျားမှာ ကပ်ညှိလိုက်နဲ့ကောင်းကင်ရဲ့အစကို လေဟုန်စီးပြီးရှာတဲ့အခါက္ကရာဇာ်များစွာတိုင်အောင် သိုဝှက်ထားတဲ့ ငါ့အချစ်တွေကိုလည်း သက်တံ့အောက်ခြေက ရွှေအိုးထဲမှာ မင်းတွေ့ပါလိမ့်မယ်

•••

"ဝေဟင် ထဦးကွာ!"

ဘုန်းနိုင် မနက်နိုးလင်းကတည်းက အလိုမပြည့်သည့်စိတ်‌ကြောင့် စိတ်အချဉ်ပေါက်နေခဲ့တာဖြစ်သည်။ ဝေဟင့်အခန်းထဲကို၀င်ပြီး စောင်ပုံကြားထဲမှာ အိပ်မောကျနေသူကို လှုပ်နှိုးပေမယ့် ဘုန်းနိုင်အသံကိုလည်း ကြားပုံမရ။ အင်းအဲနှင့် တအီအီလုပ်ကာ ပြန်ငြိမ်ကျသွားသည်။

Fading Away [ Hiatus ]Where stories live. Discover now