သွေးအလုပ်ဆင်းတော့ အသစ်ရောက်သောဝန်ထမ်းမလေးနှစ်ယောက် စကားပြောနေသည်ကို ရပ်ပြီးနားထောင်လိုက်သည်
"ဟဲ့ceoကအိမ်ထောင်ကွဲဆို"
"ဟုတ်တယ်တဲ့ သူ့ယောကျာ်းကနောက်မိန်းမနဲ့ဖောက်ပြန်လို့ ကွာရှင်းလိုက်တာတဲ့""ceoကဒီလောက်လှတာကို ပီးတော့ထက်မြက်တဲ့မိန်းမကို"
"သူ့ပုံစံကဘယ်သူ့ကိုမှလူထင်တာမဟုတ်ဘူး ယောကျာ်းကိုလဲ ဝတ္တရားအရသာပေါင်းနေတော့ဟိုကလဲဖောက်ပြန်တာနေမှာပေါ့"
သွေးဒေါသထွက်သွားသည် ကိုယ့်အကြောင်းကိုယ်မပြောပဲ လူများအကြောင်းကိုအတင်းလုပ်ပီးပြောနေတဲ့သူတွေကိုသွေးမကြိုက်ပါ"ဒီမယ် မင်းတို့တော်တော်အားနေလားသူများအကြောင်းပြောနေရအောင် မင်းတို့မယ် လုပ်စရာအလုပ်ကမရှိဘူးလား"
"ဟို....ceo...."
"တော်တော့!!....မင်းတို့နှစ်ယောက်ကိုခုချက်ချင်းအလုပ်တယ် သုံးလစာယူပြီးသွားလို့ပပြီ"သွေးအပြန်လမ်းတစ်လျှောက် ဒေါသထွက်နေသည်" လူတွေများကိုယ့်ကိစ္စမဟုတ်ပဲ သူများကိစ္စိကိုတော်တော်စိတ်ဝင်စားကြတာပဲ"
"ဟိုးကရပ်နေတာ မျက်နှာချင်းဆိုင်က ကလေးမမလား ကားစောင့်နေတာထင်တယ်"ထိုအချိန် ရုတ်တစ်ရက်သွေးကားက ထိုမိန်းကလေးနားမှာ ထိုးရပ်သွားသည်"အရေးထဲမှာကားကလဲ ဘာထဖြစ်တာလဲမသိဘူး" သွေးကားပေါ်ကဆင်းကာကားကိုတစ်ချက်ကြည့်လိုက်သည်
ဆီကတော့အပြည့်ဖြည့်ထားတာကို သွေးကားဝပ်ရှော့ဆရာဆီဖုန်းဆက်ပြီး ကားလာယူခိုင်းလိုက်သည် သွေးတက္ကစီစီးပြီးတော့ပဲ ပြန်ဖို့စိတ်ကူးလိုက်သည်
"ဟိုမှာအဒေါ်ကြီးမလား သူ့ကားတစ်ခုခုဖြစ်တာထင်တယ် "အဒေါ်ကြီးကဖုန်းပြောပြီး မြူလွှာနားရောက်လာသည် မြူလွှာသူ့ကိုစကားတစ်ခွန်းမှမပြောပါ သူလဲထိုအတိုင်းပင်
ထိုအချိန်တက္ကစီတစ်စီးကမြူလွှာတို့နားရောက်လာသည်"ညီမလေးတို့ကားစောင့်နေတာလား
"ဟုတ်တယ်xxxxxလမ်းကိုသွားမှာ " သွေးပြောလိုက်ခြင်းဖြစ်သည်
"ကျွန်မကောအဲသွားမှာ" မြူလွှာလဲဝင်ပြောလိုက်သည်"အော်တစ်နေရာထဲပဲ တက်ကြပါ"
"ကားဆရာ ကျွန်မအရင်ငှားတာလေ"သွေးကားကို သူစိမ်းနဲ့တစ်ယောက်နဲ့စီးရတာမကြိုက်ပါ ပြီးတော့ကုမ္ပဏီမှာကတည်းကဒေါသထွက်လာတာကော ကားပျက်တာပါရောပြီးစိတ်တိုနေသည်