"ဟိုနေ့ညကဟာ တို့ထပ်တောင်းပန်ပါတယ်နော်"
"မဟုတ်တာ မမသွေးကမြူလွှာကိုအပျော်ကြံပြီးနမ်းတယ်ထင်လို့ မြူလွှာဝမ်းနည်းမိတာပါ တစ်ကယ်တော့အဲလိုမှမဟုတ်ပဲကို"
"ဒါဆို မြူကိုခုတို့နမ်းလို့ရလား"
"မမသွေးနော် ဘယ်လိုဖြစ်နေတာတုန်းမချစ်ပဲနေလိုက်တော့မှာ"
"ဟောရှင် တို့ကကလေးလေးကိုစတာပါနော်"
"ကလေးလေး ဟုတ်လား"
"အင်း တို့ရဲ့ကလေးလေး"
"ဟီးးး"
×××××××××××××××××
"ဒေါက်.....ဒေါက်......ဒေါက်မြူရေ ကလေးလေးရေ"
"အတင်းအော်ခေါ်နေတာပဲမမသွေး တိုးတိုးခေါ်ပါလူတွေကြားသွားလိမ့်အုံးမယ်"
"ဘာဖြစ်လဲကြားတော့ အော်လိုက်ရမလား"
"တော်ပါ ဘာကိစ္စလဲ"
"ဟို ဒီညတို့အခန်းထဲလာမအိပ်ဘူးလား"
"မမသွေးကိုကြောက်တယ်"
"ဟင် ကြောက်ရအောင်မြူ့ကိုတို့ကဘာလုပ်မှာမိုလို့လဲ"
"သိဘူး နည်းနည်းတော့မမသွေးကိုကြောက်နေမိတယ်"
"ဒီလောက်လှတဲ့မျက်နှာလေးကိုကြောက်လို့တဲ့ လူတွေရေ"
"သွားသွား ပြန်တော့အိပ်တော့မယ်"
"သရဲမကြောက်ဘူးလား"
"ဘာ ဘာကြောက်ရမှာလဲမကြောက်ပါဘူး"ထိုအချိန်မီးကရုတ်တစ်ရက်ပျက်သွားသည်
"အား....ကြောက်တယ်ကြောက်တယ်စောနကလျှောက်ပြောတာ"မြူလွှာမမသွေးရင်ခွင်ထဲသို့တိုးဝင်ကာဖက်ထားသည်
"စောနကမကြောက်ဘူးလို့ ပြောတာဘယ်သူပါလိမ့်နော်"
"အဲတာမီးမှမပျက်သေးတာကို မီးပျက်ရင်တော့ကြောက်တယ် သွားအိပ်ရအောင်နော် မမသွေး"
"ကဲသွားမယ် မကြောက်ပါနဲ့တို့ရှိတာကို တို့ကတို့ရဲ့ကလေးလေးမကြောက်အောင်တင်းနေအောင်ဖက်ထားပေးမှာ"
ညကကြောက်ကြောက်နဲ့မမသွေးရင်ခွင်ထဲတွင် ဘယ်လိုအိပ်ပျော်သွားမှန်းမသိ မြူလွှာနိုးလာတော့မမသွေးမနိုးသေးပါ နာရီကြည့်လိုက်တော့၆နာရီရှိနေပြီမို့ မြူလွှာမမသွေးအတွက်မနက်စာပြင်ပေးချင်သည်မို့ မျက်နှာသစ်ရန်ထလိုက်သည်