Part - 7

137 6 0
                                    

သွေးမနက်လေးနာရီကတည်းက ထပြီးစီမံစရာရှိတာတွေကို စီမံနေသည် ပြင်ဆင်စရာတွေလဲပြီးပြီဆိုတော့ သွေးရေချိုးလိုက်သည် ရေချိုးပြီးတော့ သွေးမြန်မာဝမ်းဆက်အနီရောင်ကလေးကို ရွေးပြီးဝတ်လိုက်သည် သွေးပြင်ဆင်လို့ပြီးတော့ သမီးလေးတို့တိုစောင့်နေလိုက်သည်

မြူလွှာလဲမြန်မာဝမ်းဆက် စိမ်းနုရောင်ကလေးကို ဝတ်ကာမှန်ရှေ့တွင် မြူလွှာရဲ့ကျောလည်လောက်ရောက်နေသည့်ဆံပင်တို့ကို ရိုးရိုးလေးပဲစည်းလိုက်သည် မြူလွှာပြင်ဆင်ပြီးနာရီကိုကြည့်လိုက်တော့ ၈နာရီထိုးရန်ဆယ်မိနစ်သာလိုတော့တာကြောင့်အိမ်ရှေ့ကို ထွက်လာခဲ့သည်

အိမ်ရှေ့တွင်အရင်တစ်ခါမြူလွှာနဲ့ဆော့ခဲ့တဲ့အဒေါ်ကြီးရဲ့တူမလေးလား ထိုချစ်စရာကလေးလေးလဲသူ့အဖွားဖြစ်သူနှင့် အိမ်ရှေ့တွင်ခုမှရောက်လာပုံပေါ်သည် အဒေါ်ကြီးလဲရှိသည်

"မာမီ.......
"နောက်ကျလိုက်တာ မာမီအသဲတုန်းလေးက
"နောက်ကျမှာပေါ့ အမေတူသမီးလေးဆိုတော့ အလှပြင်နေတာတစ်နာရီလောက်ကြာတယ် ဒေါ်ခမ်းမဟာကရယ်ရင်းပြောလိုက်သည်

ဟင်ဒါဆိုဒီကလေးလေးက အဒေါ်ကြီးသမီးပေါ့ ဒါကြောင့်ရုပ်ချင်းဆင်ပါတယ်လို့ဟာ မြူလွှာစိတ်ထဲပြောလိုက်သည်

"အော်........ တီတီဒီနေ့ရမ်းလှတာပဲဟီး"
"ကျေးဇူးပါရှင့် မီးမီးလဲဒီနေ့အရမ်းတွေလှနေတယ်နော်"
"ဟီး ဟုတ်ကဲ့"

"သြော်...ဒီမြေးမလေးကမြေးလေးနဲ့ကစားပေးတယ်ဆိုတဲ့ သမီးလေးလား"
"ဟုတ်ပါတယ် ဘွားဘွားကြီး"
"အေးပါကွယ် မြေးလေးကအိမ်မှာမြေးမလေးနဲ့ဘယ်လိုတွေကစားခဲ့ကြောင်း ဘွားကိုနေ့တိုင်းကိုပြောပြနေတာကွယ်"
"ကဲကဲ တရားနာတော့မှာ အကုန်လုံးအထဲဝင်ကြစို့"

"လာတီတီ မီးနဲ့အတူသွားအောင် "သွေးပန်းချီချိုတစ်ယောက် မြူလွှာလက်ကိုဆွဲကာ အိမ်ထဲဝင်လာခဲ့သည်
တရားနာပြီးတော့ လာတဲ့သူတွေကို မုန့်ဟင်းခါးဖြင့်ဧည့်ခံသည် လူနည်းစုပဲရှိပါသည်
သွေးကုမ္ပဏီက ဝန်ထမ်းတစ်ချို့နှင့်ရှယ်ယာရှင်အချို့ရယ် ဘွားရဲ့မိတ်ဆွေအချို့ကိုသာဖိတ်ထားသည်

မေတ္တာကြိုးလေးသွယ်ပါရစေWhere stories live. Discover now