Part - 17

138 6 3
                                    


"အကို....... ပန်းကိုသဘောကျလို့ အကို့ကိုစဥ်းစားပေးပါလားဟင်"

မြူလွှာဘဝတွင် ယခုလိုရီးစားစကားအပြောမခံရဖူးသောကြောင့် လက်ဖျားတွေအေးကာဘာလုပ်လို့ဘာကိုင်ရမှန်းမသိနေသည်

"ဟို..........."

"အကို့ကို စဥ်းစားပေးပါကွာ......နော်"ရုတ်တစ်ရက်ကြီးမြူလွှာလက်ကိုလာကိုင်ရင်းပြောနေသော အကို့ကြောင့် မြူလွှာဘာမှပြန်မပြောတတ်တော့ပါ

အခြားစာမေးပွဲဖြေပြီးသောကျောင်းသားများ ထွက်လာကြသော်လဲ သွေးရဲ့ကလေးမလေးမလာသေးသောကြောင့် သွေးစာသင်ဆောင်နားရောက်လာခဲ့သည်

ရောက်ရောက်ခြင်းမြင်လိုက်ရသည်က သွေးရင်ကို အောင့်စေပါသည် နှစ်ယောက်သားလက်ချင်းကိုင်လျှက် သွေးကလေးမလေးကရှက်နေ၍အောက်ငုံ့ကာ နေသည်

သွေးဆက်မကြည့်နိုင်၍ ကားဆီသာလှည့်ထွက်ခဲ့သည်

မြူလွှာဘာပြောရမှန်းမသိသည်ကြောင့် ငုံ့ကာနေမိသည် တစ်ခုခုပြောမှရမည်မို့ မြူလွှာပြင်လိုက်တော့ မမသွေးမြူလွှာတို့ကိုမြင်သွားသည်ထင်ပါရဲ့ မြူလွှာရင်ထဲထိတ်လန့်နေသည် ကိုယ်ကအမှားကြီးတစ်ခုကျူးလွန်ထားသယောင်ယောင်
ဒီခံစားချက်က သေချာပါပြီ မမသွေးအထင်လွဲသွားမည့်အဖြစ်ကို မြူလွှာကြောက်ပါသည်

"ဟို........မြူလွှာမိန်းကလေးတွေကိုပဲစိတ်ဝင်စားတာပါအကို မြူလွှာသွားတော့မယ်နော်အကို"ချက်ခြင်းပဲ မမသွေးနောက်သို့ မြူလွှာအမှီလိုက်ရသည်

ကားနားရောက်တော့ မမသွေးကကားပေါ်ပင်တက်သွားသည် မြူလွှာလဲအလျှင်အမြန်ကားထဲဝင်လိုက်သည်

နှစ်ယောက်သားဘာစကားမှမပြောကြပဲ အပြန်လမ်းသည်တိတ်ဆိတ်နေသည် ပုံမှန်ဆိုဒီနေ့ကစာမေးပွဲနောက်ဆုံးနေ့မို့ မြူလွှာ့ကိုဖြေနိုင်မဖြေနိုင်ကို မေးမှာအသေချာပါ ယခုတော့မမသွေးအထင်လွဲသွားပြီထင်ရဲ့

အိမ်ရောက်သော်လဲ မမသွေးသည်အပေါ်ထပ်ကိုသာတက်သွားသည် မြူလွှာတော့ဘာလုပ်ရဘာကိုင်ရမှန်းမသိတော့ချေ ချော့ရအောင်လဲ မြူလွှာနဲ့အမသွေးကဘာမှမဟုတ်နေ ဟူးးးးခက်ရချည်ရဲ့

မေတ္တာကြိုးလေးသွယ်ပါရစေWhere stories live. Discover now