'သမီးသူနဲ့ကွာရှင်းမယ်ဘွား...
'ဟဲ့ သမီးသွေးဘွားကိုသေသေချာချာလေး ရှင်းပြပါအုံးကွယ်...'ကိုကောင်းမြတ်ဖောက်ပြန်နေတယ်ဘွား...
'ဘယ်လို ကောင်းမြတ်ကဟုတ်သလား....
'ဟုတ်တယ်ဘွား ဘွားတို့ပဲလိမ္မာပါတယ် အနေအေးပါတယ်ဆိုတဲ့သူက ခုဖောက်ပြန်တယ်တဲ့လေ.....သမီးသူနဲ့ကွာရှင်းမယ်ဘွား အဲလိုလူမျိုးနဲ့ဆက်မပေါင်းနိုင်ဘူး'ဒါပေမဲ့လဲ ပတ်ဝန်းကျင်နဲ့မြေးလေးမျက်နှာလဲကြည့်ပါအုံးသမီးသွေးရယ်
'ဟင့်အင်းဘွား သမီးအဲလိုလူမျိုးတွေကိုမုန်းတယ်... အရင်ကလဲဘွားစကားကိုနားထောင်ခဲ့လို့သမီးလူကြီးချင်းသဘောတူတဲ့လူနဲ့ လက်ထပ်ခဲ့တယ်..ခုတော့သမီးလဲကိုယ့်ဘာသာကိုယ်ဆုံးဖြတ်တတ်တဲ့ အရွယ်ရောက်နေပါပီဘွား ဒီတစ်ခါတော့ကိုယ့်ဘာသာကိုယ်ဆုံးဖြတ်ပါရစေဘွား
'အင်း......သမီးသဘောပါ မောင်ကောင်းမြတ်စည်သူမှာအဲလိုအကျင့်စရိုက်ရှိမှန်း ဘွားမသိခဲ့လို့ပါကွယ် ဘွားကငါ့သမီးသွေးအတွက်ကောင်းစေချင်လို့ စီစဥ်ခဲ့တာပါကွယ်......ဒါနဲ့ဘယ်တော့ကွာရှင်းမှာလဲ သမီးသွေး
'ဒီတစ်ပတ်ထဲပဲဘွား......မြန်လေကောင်းလေပဲ
'သေွးကိုကောင်းမြတ်နဲ့ကွာရှင်းတုန်းကသမီးလေးကနှစ်နှစ်ပဲရှိသေးသည် သူကသူ့အမှားမှန်းသူသိလို့အသာတစ်ကြည်နဲ့သွေးကို ကွာရှင်းပေးခဲ့သည် သူကသွေးထက်သုံးနှစ်ကြီးသည်'ဟောသမီးသွေး ကုမ္ပဏီကနေဝင်လာတာလား
'ဟုတ်တယ်ဘွားသမီးလေးနဲ့လဲမတွေ့ရတာကြာလို့ဝင်လာတာဘွား'ဟုတ်ပါပီ.......ခဏနေရင်မြေးလေးမူကြိုကပြန်လာတော့မှာ ခဏစောင့်နေလိုက်အုံး ဘွားသမီးသွေးကြိုက်တဲ့ဟင်းတွေသွားပြင်လိုက်အုံးမယ် ထမင်းစားပြီးမှပြန် ဟုတ်ပီလား
'ဟုတ်ဘွား....သွေးဧည့်ခန်းထဲတွင်ဖုန်းကြည့်ရင်းသမီးလေးကိုစောင့်နေသည်
ဒေါ်သွေးခက်ထန်"မိဘနှစ်ပါးလုံးက သွေးငါးနှစ်အရွယ်သမီးတွင် ကားအက်စီးဒန့်ကြောင့်ဆုံးပါးခဲ့သည်.......ဘွားကသူ့သား သွေးဒယ်ဒီကိုတော်တော်ချစ်သည် အက်စီးဒန့်သတင်းကြားတော့ ဘွားမူးလဲ၍ ဆေးရုံတင်လိုက်ရသည်