ဘုရားပေါ်တွင် သွေးရဲ့သမီးလေးရယ် သွေးချစ်ရတဲ့လူသားလေးရယ်သုံးယောက်သားရဲ့ ကြည်နူးစရာအခိုက်အတန့်လေး ယခုလိုအခိုက်အတန့်လေးကိုသွေးတစ်ဘဝလုံးသိမ်းထားချင်မိသည်
မွေးနေ့ရှင်ဖြစ်သည့်သွေးကိုယ်တိုင်ဘုရားပန်းကပ်ရေသပ္ပါယ်ရင်း ဆုတောင်းခဲ့သည် သွေးရဲ့ဆုတောင်းလေးကတော့ မြူ့အပေါ်မှာထားတဲ့သွေးရဲ့ချစ်ခြင်းမေတ္တာဟာစစ်မှန်ခဲ့လျှင် သွေးတို့ရဲ့အချစ်ခရီးလမ်းသည် ဘယ်အနှောင့်အယှက်မှဝင်ခြင်းမရှိပဲ သာယာကြည်နူးသောမိသားစုဘဝလေးကို ပိုင်ဆိုင်ရပါလို၏
ဘုရားပေါ်မှဆင်းလာပြီးနောက် သုံးယောက်သားငါးစာကျွေးကြသည်
"မာမီ ဒီပေါင်မုန့်ကစားလို့ရလားဟင်""သမီးကဗိုက်ဆာနေပြီလား"
"ဟုတ်....."
"ဒါဆို ဒါကျွေးပြီးရင် ဆိုင်တစ်ဆိုင်ဝင်ကြမယ်လေ"
"ဟုတ်ကဲ့....."
ငါးစာကျွေးပြီးနောက် cafeဆိုင်တစ်ဆိုင်သို့ ဝင်လိုက်သည်
"သမီးစားချင်တာမှာနော်...""ဟုတ်မာမီ..."
မှာထားတာများရောက်လာသောအခါ
"ဒီမှာ သမီးမှာထားတာ"သမီးရှေ့သို့ချပေးလိုက်ပြီး
"မြူ...ဒါလေးစားကြည့်"မြူလွှာကိုလာခွံကျွေးနေသည်မို့ မြူလွှာကြောင်နေမိသည်
"ကလေးရှေ့မှာကို မမသွေးကလဲ"မြူလွှာရှက်နေမိသည်
"မေမေနဲ့တီတီကဘာတွေလဲ.... မရိုးဘူးနော်"
"သမီးကိုပြောစရာရှိတယ် တီတီပန်းနဲ့မေမေကရည်းစားတွေဖြစ်နေတာကြာပြီ"
"ဟင် တစ်ကယ်လားရေးးးးမေမေနှစ်ယောက်ရပြီ"
"ချီချိုကအဲလောက်တောင် ပျော်တာလား"
"ပျော်တာပေါ့ တီတီပန်းကလဲမီးကအရင်ကတည်းကဖြစ်စေချင်နေတာ ဟီး"
"အယ် ချီချိုကတော့နော်"မြူလွှာရှက်နေမိသည်
"ဒါမှငါ့သမီးကွ..."
"မမသွေးနော် ဘယ်လိုဖြစ်နေတာ"+"သမီးမေမေလေးကရှက်နေတာတဲ့"
"မမသွေးနော်.."