ဒေါ်ခမ်းမဟာရဲ့အခန်းထဲရောက်တော့
"ထိုင်ပါဦး....""ဟုတ်ကဲ့....."မြူလွှာအဘွားကိုလဲစေ့စေ့မကြည့်ရဲပါ လက်နှစ်ဖက်ချင်းပွတ်နေကာခေါင်းကိုငုံ့ထားမိသည်
"ပြောပါအုံး သွေးခက်ထန်နဲ့ငါ့တူမကြီးတို့ကဘယ်တုန်းကတည်းကတွဲနေကြတာလဲ"
"ဟို ဟိုမကြာသေးပါဘူးဘွား"
"ငါ့တူမကြီး မသိတာလား သူကယောကျာ်းနဲ့ကွာရှင်းထားတယ် ပြီးတော့ကလေးတစ်ယောက်အမေဆိုတာကော"
"မြူလွှာအားလုံးသိပါတယ် ဘွား"
"သူနဲ့လက်တွဲမယ်ဆိုပတ်ဝန်းကျင်ကဝေဖန်ပြောဆိုကဲ့ရဲ့တာတွေကိုကော လက်ခံနိုင်ရဲ့လား"
"မြူလွှာလက်ခံနိုင်ပါတယ်ဘွား ဘာတွေပဲဖြစ်လာဖြစ်လာမမသွေးနားကနေတစ်ဖဝါးမှမခွာပဲ မမသွေးကိုကာကွယ်ပေးချင်ပါတယ် ဒါကြောင့်မြူလွှာတို့ကိုသဘောတူပေးပါဘွား"မြူလွှာအောက်ဆင်းထိုင်လိုက်ကာ ဘွားရှေ့တွင် ဒူးထောက်လိုက်သည်
"မလုပ်ပါနဲ့ကွယ် ဘွားကအစောကြီးကတည်းကသဘောတူပြီးသားပါကွယ် သေသေချာချာသိချင်လို့သာ မေးရတာပါ "
"တစ်ကယ်လားဘွား"
"ဟုတ်ပါတယ်ကွယ် ကဲကဲထထ ဘယ်နှယ့်ဒူးထောက်ရတယ်လို့ကွယ်"
"မမသွေးကိုသာပိုင်ဆိုင်ရမယ်ဆိုရင် ဒူးထောက်ရုံတင်မဟုတ်ပါဘူးဘွား မြူလွှာအသက်ပါပေးရဲပါတယ်"
"ဘွား ယုံပါတယ်ကွယ် ကဲကဲသမီးသွေးလဲမျှော်နေရော့မယ် သွားကြရအောင်"
"ဟုတ်ဘွား..."
ထွက်လာပါပြီ ဟင်သွေးရဲ့ကလေးလေးငိုထားတယ် ဘွားဘာတွေပြောလိုက်တာလဲ
"မြူ ဘာဖြစ်လာတာလဲ ဘာလို့ငိုထားရတာလဲကလေးလေးရယ်ဟင် ဘွားကမြူကိုဘာတွေလုပ်လိုက်တာလဲ မမသွေးကိုပြောစမ်းပါ "
"မမ မမသွေး ဘွားကလေမြူလွှာတို့ကို အီးဟီး"
"မငိုနဲ့လေကွယ် ဘာလဲသဘောမတူလို့လား ရတယ်ဘွားသဘောမတူလဲမမသွေးတို့ဘာသာ လက်ထပ်လို့ရတယ်လေ နော်ကလေးငယ် မငိုပါနဲ့ကွယ် မမသွေးရင်တွေထဲမကောင်းလို့ပါ"