1905 ခုနှစ် ၊ ပါရီမြို့ ။1900ပြည့်နှစ်တွေရဲ့ ပါရီမြို့ပေါ်က လမ်းမတွေဟာ ပန်းချီအနုပညာရှင်တွေ ၊ ဂီတအနုပညာရှင်တွေနဲ့ တော်လှန်ရေးသမားတွေနဲ့ပြည့်နှက်နေပြီး မြို့ရဲ့ ပြိုးပြိုးပြက်ပြက် နေအလင်းရောင်အောက်မှာ သူတို့ဟာ သူတို့အိမ်မက်တွေဆီကို လျှောက်လှမ်းနေကြသည်။
ပေါင်မုန့်နံ့ခပ်အီအီတွေနဲ့ ကော်ဖီဆိုင်အတွင်းမှာတော့ ဓာတ်ပြားဆီက ခပ်ထစ်ထစ် သီချင်းကြီးတွေပျံ့လွင်နေပြီး ဆန့်ကျင်ဘက်မှာတော့ မြင်းခွါသံတွေနဲ့ ခပ်ရှားရှားမော်တော်ယာဉ်တွေဆီက အင်ဂျင်သံဟာ လမ်းမတစ်လျှောက် ဆူဆူညံညံ။
အမြဲတမ်းလိုလို ရင်ဘက်ဆီမှာ တွဲချိတ်ထားတဲ့ ဆုတံဆိပ်တွေ မပါဝင် ၊ ခါးဆီက ငွေရောင် ပြောင်လက်နေတဲ့ ဓားရှည်မပါဝင်ပဲ ပေါ့ပေါ့ပါးပါး ခရီးထွက်ရတဲ့ထိုအချိန်မှာ ပါရီရဲ့ လိုအပ်ချက်ကိုသိရှိသွားခဲ့ရတယ်။
ပါရီဟာ စည်းကမ်းတစ်ချို့ထပ်လိုအပ်နေတာပဲ။
သူဟာ ဘယ်သူမို့လို့လဲ။ဘုရင်ခံချုပ် Adrien Timothy ရဲ့ သားဖြစ်သူ ပါရီရဲ့ မြို့စားမင်း Adrien Taehyun ပဲလေ။ ဒါတွေကို သူလစ်လျူရှု့ထားလို့လည်းမရနေဘူးမလား။
Adrien မျိုးနွယ်စုတွေထဲမှာမှ မင်းမျိုးမင်းနွယ်တွေဖြစ်တဲ့ ရှေးအကျဆုံးနဲ့ သွေးအသန့်ဆုံး Montclair မိသားစုက ပါရီမြို့ရဲ့ အာဏာအရှိဆုံး မိသားစုကြီးဆိုလည်းမမှား။
နေရာတိုင်းမှာရှိတဲ့ Montclairsတွေဟာ ပင်မစံအိမ်ဖြစ်တဲ့ Adrien မှာ အတူမနေကြရရင်တောင် ချမ်းသာကြွယ်ဝပြီး ကျေးလတ်ဒေသတွေရဲ့ အိမ်ခြံမြေတွေကို လက်ဝါးကြီးအုပ်ထားနိုင်တဲ့သူတွေပင်။
အဲ့ထဲမှာ Adrien Taehyun de Montclair လည်းအပါအဝင်။
အသက်ငယ်ငယ်လေးနဲ့ မြို့စားရာထူးကိုဆက်ခံခဲ့တဲ့သူဟာ နိုင်ငံရေးနှင့်လူမှုရေးပိုင်းမှာ တော်တော်လေးဩဇာလွှမ်းမိုးနိုင်သည်။
Adrien Taehyun de Montclair အနေနဲ့မဟုတ်ပဲ သာမန်လူတစ်ယောက်အနေနဲ့ ခရီးသွားချိန်မှာတောင် သူဟာကျင့်သားရစွာ မြို့တော်ရဲ့လိုအပ်ချက်တွေကို စေ့စေ့စပ်စပ်သုံးသပ်မိ၏။
