အပိုင်း ၃

1.2K 79 3
                                    

အပိုင်း ၃

မင်းမောင်ကို သူ့အိမ်လိုက်ပို့ပြီး ပြန်လာကြတော့ သာအေးနဲ့ မော်ကွန်းက စကားစလာလေသည်။

"နေညို ပိုင်လှချည်လားဟ...ဘယ်လိုတွေးလိုက်တာတုန်း.."

"ဒီလိုပေါ့ကွ မိန်းမရဖို့ ဉာဏ်နီဉာဏ်နက် ဉာဏ်ပြာဉာဏ်ဝါတွေ ထုတ်သုံးရတာပေါ့.."

"ဟား....ဟား...တော်လိုက်တာကွာ ငါတို့ကိုလဲ ပြောပြပါအုန်း ဟ..."

"နောက်တော့ပြောပြတာပေါ့ အခုတော့ မာတာမိခင်ကို သွားပူဆာရအုန်းမယ်..မနက်ဖြန်မှ မနက် တွေ့ကြတာပေါ့ ကွာ..."

"အေအေ ငါတို့ပြန်ပြီး.."

"🎶‌မွေး......မွေးမေကျေးဇူးဆပ်ဖူး ချင်တယ်လေး....."

သီချင်းလေးညည်းပြီး ခြံထဲကို ခုန်စွခုန်စွ ဝင်လာတဲ့ သမီး ဖြစ်သူကြောင့် ဒေါ်ရီချိုတစ် ခေါင်းကိုသာ ခါနေမိတော်သည်။

"ကိုမောင် ရှင်သမီး ဘာနားပူနားဆာလုပ်အုန်းမလဲ မသိဘူး ကျုပ်ကျေးဇူးကိုတောင် ဆပ်ချင်သပ ဆိုဘဲ.."

"နားထောင်ကြည့်လိုက်ပေါ့ မိန်းမရယ်..."

"ဟယ် အမေနဲ့ အဖေ အိမ်မှာရှိနေတာဆိုတော့ အတော်ဘဲ သမီး ပြောစရာရှိလို့..."

"ကျုပ်တို့က အမြဲအိမ်မှာ ရှိပါ့တော် အိမ်မှာ မရှိတာက ညည်းလေ..."

"မယ်မယ်ဘုရားကလဲ စကားပုလင်ခံတာပါ သမီးတော် သိပါတယ်.."

"ငါ ခေါက်ထဲ့ လိုက်ရ စကားကို လူလိုပြော.."

"မိန်းမ မောနေမယ် ဒီမှာ ရေနွေးကြမ်းလေးသောက် ကို မှုတ်ထားပေးတယ်.."

ဦးကိုမောင်က ရေနွေးကြမ်းလှမ်းပေးတာမို့ ဒေါ်ရီခင် လှမ်းယူလိုက်သည်။ပြီးနောက်ရေနွေးကို တစ်ငုံလောက်စပ်းသောက်ကြည့်နေတုန်း

"သမီးကို မိန်းမတောင်းပေးတော့.."

"ဖူးးးးးး အဟွတ် အဟွတ်.."

"မိန်းမအဆင်ပြေရဲ့လား.... ရရဲ့လား..."

အမေကတော့လေ မိန်းမတောင်းပေးပါဆို မျက်နှာ တည့်တည့်ကို ရေနွေးနဲ့ လာမှုတ်ထည့်တယ်။အဖေကလဲ သမီးကို စိတ်မပူဘူး သူ့မိန်းမကိုဘဲ စိတ်ပူနေလိုက်တာများ ဟွန့် ပြောကို မပြောချင်ဘူး။

ချစ်လွန်း ညိုWhere stories live. Discover now