အပိုင်း ၁၂
ဒီနေ့ မူယာ မောင့်ဆီကို မသွားရသေးပါ အခုလည်း နေတောင်စောင်းနေပြီး ယာထဲကနေ မပြန်ရသေး လိုအပ်တဲ့ ပစ္စည်းစာရင်းတွေစစ်ရင် တစ်နေကုန်နေလေသည်။အခုမှပြီးတာမို့ လေကောင်းလေသန့်လေး ရှူရအောင် တဲအပြင်ကိုထွက်လာခဲ့မိသည်။မူယာလဲ မပြန်ရသေးသလို အလုပ်သမားတွေလဲမပြန်ရသေးပါ။
"ညနေလဲ စောင်းနေပြီးဆိုတော့ ပြန်ကြတာပေါ့.."
မူယာ့အသံကြားမှ ခေါင်းထောင်လာကြလေသည်။သူတို့လည်း ပင်ပန်းနေလောက်ပြီး ထင်ပါသည်။ပြန်လို့ရပြီးဆိုတာနဲ့အသီးသီးပြန်သွားကြလေသည်။အဲ့ဒီတော့မှ မူယာလဲ လာတုန်းက ယူလာတဲ့ စာရင်းစာအုပ်အိတ်ကလေးယူပြီး သူတို့နောက်က လိုက်ပြန်ရသည်။
လမ်းတစ်နေရာ ရောက်တော့
" မိပြုံး နင်တို့ လုပ်နေတဲ့ ယာပိုင်ရှင်က ဟိုတစ်လောက ဓားထိုးမှုဖြစ်တဲ့ အမကြီးရဲ့ ..ရည်းစားလား.."
"အေ့လေ ဒေါ်လေးမူယာက မမနေညို ချစ်သူလေ..ဘာဖြစ်လို့လဲ.."
"အဲ့ဒီအန်တီကြီးက ကံကောင်းလိုက်တာနော်..မိန်းကလေးအချင်းချင်းကို ဟိုက တုန်နေအောင်ချစ်တာ ခံရတယ်..ဓားထိုးမှုဖြစ်တုန်းကလဲ အဲ့လိုဘဲ။
နောက်ပြီး နင်သိလား အဲ့ဒီအမကြီးကလေ ငါတို့ခွဲစိတ်ပေးပြီး ထွက်လာတုန်းကအကောင်း..၁နာရီလောက်လဲကြာရော ရုတ်တရက်ကြီး သွေးပေါင်တွေထိုးကျပြီး နှလုံးခုန်နှုန်းကပါ နှေးလာပြီး ရပ်မလိုဖြစ်သွားလို့ ဒေါက်တာနဲ့ ငါတို့ အသည်းအသန် ပြန်ပြီး ကြိုးစားလိုက်ရတယ်။
အစတည်းက သွေးထွက်လွန်ထားတဲ့လူနာမို့ မရလောက်တော့ဘူး ထင်တားခဲ့တာ။ဒါပေမဲ့ ထူးထူးဆန်းဆန်းဘဲ ခနကြာ တော့ပြန်သတိရလာတယ်။..သတိရလာတော့လဲ မှတ်ဉာဏ်တစ်ချို့ ပျောက်သွားတယ် ဒေါက်တာပြောတာတော့ သွေးပေါင်တအားကျနေတဲ့အချိန် ဦးနှောက်ကို သွေးရောက်တာ နှေးသွားလို့ မှတ်ဉာဏ်တစ်ချို့ပျောက်သွားတာတဲ့လေ..ပြန်လည်း မှတ်မိနိုင်သလို မမှတ်မိနိုင်တော့တာလဲ ဖြစ်နိုင်တယ်တဲ့"
"သနားပါတယ်..ဒါပေမဲ့ အခုလည်း ပြန်ကောင်း နေပြီးဆိုတော့ တော်ပါသေးတယ်..မှတ်ဉာဏ်ဆိုကလဲ အသစ်ပြန်ဖန်တီးလို့ရတာဘဲ...အဓိက က ချစ်နေသေးရင်ကို ရပြီးမဟုတ်ဘူးလား..."
YOU ARE READING
ချစ်လွန်း ညို
Fanfictionရန်သူတော် မားမားဘိုင်းလေးရဲ့ အဒေါ်ကို ရအောင်ယူမယ့် နေညိုကွေး...ဟဲ...ဟဲ..