အပိုင်း ၇
နေညို အန်တီ့ကို ဖက်ထားမိတာ ဘယ်လောက်ကြာသွားလဲပင် မသိလိုက်။
"လွှတ်...လွှတ်တော့..."
"ဟင်!..လွှတ်ရတော့မှာ လား.."
"သွား...မကောင်းတဲ့ကလေး ...သူများကို ချစ်တယ်ပြောပြီး သူ့ကို လိုတဲ့အချိန်တော့ အနားမှာမရှိဘူး...အခုမှ ဘာလာလုပ်တာလဲ...ပြန်တော့ သွား...."
"အဲ့ဒါကလေ နေညို ရင်မဆိုင်ရဲလို့ပါ။ အန်တီသာ အဲ့ဒီလူကို ချစ်နေပါသေးတယ်လို့ပြောရင် နေညို အဲ့နားမှာတင် အသက်ထွက်သွားမှာ..တကယ်က နေညို ကြောက်မိတာလဲ ပါတယ်..အဲ့ဒါကြောင့်ပါ စိတ်မဆိုးပါနဲ့ အချစ်ရယ်.."
"ဆိုးမှာဘဲ..တို့ မှာတော့ မျှော်လိုက်ရတာ သူက ပေါ်မလာဘဲ ဘာ အခုမှ အချစ်လဲ.. မချစ်နဲ့ သွား....."
"မချစ်လို့က မရတော့ဘူးလေ...နောက်ကျသွားပြီး အချစ်ရယ် ချစ်ပြီးနေပြီးလေ..."
"နောက်ပြီး ဘယ်မှ မသွားတော့ဘူး အချစ်အနားမှာဘဲ ကော်နဲ့ကပ်ထားသလို ကပ်ပြီးနေတော့မှာ..လာရှုပ်တဲ့ လူမှန်သမျှကို လက်သီးစာကျွေးပစ်မယ်..."
သူ့စကားကြောင့် မာယာမှာ မျက်ရည်ခြောက်လက်စနဲ့ ပြုံးမိသည်။ဒီကလေးဟာလေ..သူကချစ်တယ်သာဆိုခဲ့ပြီး သူ့ကို ဆွဲထားတဲ့ လူက မာယာဖြစ်ခဲ့ပြန်တယ်။
"အဟမ်း! အဟမ်း! ကြည့်ရတာ မူယာချိုတစ်ယောက် ဆန်ပြုတ်မလိုဘဲ အားပြည့်သွားပြီးထင်တယ် မျက်နှာက ပြုံးရွှင်လို့..."
"မမကြီးကလဲ..."
အန်တီရှက်နေတဲ့ပုံက အသည်းယားစရာပင်။အရီးမီရှိနေလို့သာ မဟုတ်ရင် မျက်နှာအနှံ့ အနမ်းခြွေပြစ်ချင်စိတ် တွေတဖွားဖွားပင်။သူများတွေ့ရှေ့မှာ မရှက်ဖို့လဲ သတိပေးရအုန်းမည်။နောက်ပြီး နေညိုကလွဲရင် ဘယ်သူ့ကိုမှမပြုံးပြဖို့ပါ သတိပေးရမည်။
"မမကြီးက မလဲနဲ့ ကျုပ် မယ် တကယ် လန့်သွားရတာ..အဲ့ဒါကြောင့် နောက်ဆိုရင် ဘာဖြစ်ဖြစ် မမကြီးကို တိုင်ပင် တစ်ယောက်ထဲ ခံစားမနေနဲ့...ဟုတ်ပြီးလား..အခုတော့ ဆန်ပြုတ်လေးသောက်လိုက်အုန်း ပြီးရင် ဆေးသောက်ရအောင်.."
YOU ARE READING
ချစ်လွန်း ညို
Fanfictionရန်သူတော် မားမားဘိုင်းလေးရဲ့ အဒေါ်ကို ရအောင်ယူမယ့် နေညိုကွေး...ဟဲ...ဟဲ..