အပိုင်း ၁
" ကိုကိုမောင်!!"
"ဗျာ.....!! ဘာလိုချင်လို့လဲ မိန်းမရဲ့.."
"ဒီမှာ ကျုပ် နောက်ကျောကို ဆေးလိမ်းပေးပါအုန်း ကျုပ်မမှီလို့..."
"ဟုတ်ပြီး ဟုတ်ပြီး ကို အခုလာခဲ့မယ်.."
ချစ်ရတဲ့ မိန်းမက ခေါ်တာမို့ လုပ်လက်စအလုပ်ကို ချပြီး မိန်းမအနားအမြန်သွားရသည်။ မဟုတ်ရင် စိတ်ကောက်ပေမည် မဟုတ်ပါလား။
"ဘယ်မှာလဲ ဆေးဘူး ကိုယ့်ကိုပေးလေ.."
"ဒီမှာ..."
"ခနခန နာနေတာ ဆေးပေးခန်းသွားပြကြည့်မလား ဟင်.."
"နေပါစေတော် ဆေးလိမ်းလိုက်ရင် ပျောက်ပါတယ်"
"ဒါနဲ့ သားနဲ့ သမီးလဲ မတွေ့ပါလား.ဘယ်သွားကြပြန်ပြီးလဲ.."
"ရှင့် သားနဲ့သမီးက တော့ ထုံးစံအတိုင်းပေါ့။သားကြီးက ယာထဲသွားပြီး စာရင်းစစ်နေတာ၊ အမွှေစိန်ကတော့ ရွာထဲ သူ့သူငယ်ချင်းတွေနဲ့ လိုက်လည်နေလေရဲ့.."
"အေးကွာ တို့လဲ သားနဲ့သမီး မှားမွေးလာလား မပြောတတ်တော့ဘူး။သားကြီးကအေးသလောက် သမီးငယ်ကတော့ မနိုင်စိန်ဘဲ..ဟား..ဟား..."
"ရီမနေနဲ့ ရှင့်သမီး အမွှေစိန် ဘာတွေ မွှေလာအုန်းမလဲကိုသာ စိတ်ပူ..."
"အရီးခင်!! ဗျို့..အရီးခင်!!"
ကဲ့ အခုဘဲ သူ့အကြောင်းပြောနေတာ အသက်ရှည်အုန်းမယ်.။
"သာအေး ခြံထဲ ဝင်ခဲ့လေ ဘာဖြစ်လာပြန်ပြီးလဲ.."
"မင်းမောင်တို့အဖွဲ့နဲ့ နေညိုတို့ ရန်ဖြစ်နေလို့.."
"ဘာ ဖြစ်တယ်.."
"ရန်ဖြစ်နေကြတယ်လို့.."
"ငါကြားသား ဘယ်လိုဖြစ်တာလဲ လို့မေးတာ.."
"ဒီလိုပါ အရီးခင် နေညိုရယ် မော်ကွန်းရယ် ကျွန်တော်ရယ် ရွာထဲ လမ်းလျောက်နေတုန်း မင်းမောင်တို့က ထွက်လာပြီး ရန်လာစတာ..."
"ငါ့နှယ် သမီးတစ်ကောင် နွားတစ်ထောင်ဆိုတာ ငါမှအစစ်..လာ သွားမယ် ကိုမောင် ရှင်ပါ လိုက်ခဲ့.."
YOU ARE READING
ချစ်လွန်း ညို
Fanfictionရန်သူတော် မားမားဘိုင်းလေးရဲ့ အဒေါ်ကို ရအောင်ယူမယ့် နေညိုကွေး...ဟဲ...ဟဲ..