အပိုင်း ၈
အန်တီ နဲ့ ချစ်သူတွေ ဖြစ်ပြီးတဲ့နေ့ကစလို့ နေညို့ဘဝက သာယာစိုပြေလာခဲ့သည်။အချိန်မှန် အလုပ်သွားအလုပ်ပြန် ကြားထဲ က အချိန်လေးမှာ အချစ်မျက်နှာကို ပြေးတွေ့ရသည်။မဟုတ်ရင် လွမ်းလွန်းလို့ ဘာမှမလုပ်နိုင်တော့ပေ။
နေညို အလုပ်များတဲ့နေ့တွေဆို အန်တီက နေညို့အလုပ်ခွင်ကို လာတတ်သည် အကြောင်းပြချက်ကတော့ မယ်မယ်ရရမရှိပါ။ နေညိုမေးရင်တော့ ဒီအတိုင်း တွေ့ချင်လို့လာတာလို့ ခပ်ရှက်ရှက်နဲ့ဖြေမည်။
တစ်ချို့နေ့ တွေဆိုနေညိုလဲ မအားသလို အန်တီလဲ မလာအားပါ။ထိုအခါမျိုးရင်တော့ ညဘက် အန်တီတို့အိမ်ကို ခိုးသွားပြီး အန်တီနဲ့ တွေ့ရသည်။ ပြောင်သွားလို့မရခြင်းအကြောင်းကတော့ တူတော်မောင်ကြောင့်ပင်။
နေညိုနဲ့ အန်တီ ချစ်သူဖြစ်နေတာကို သိတာတောင် နှစ်ယောက်ထဲ တွေ့ဖို့ကို သူက ခွင့်မပြုပေ။ဘယ်လောက်ကပ်စီးနည်းတဲ့ကောင်လဲဆိုတာသာကြည့်။
~~
မိုးရာသီကို ရောက်လာတော့ တောင်သူလယ်သမားတိုင်းလိုလို အလုပ်ရှုပ်ကြသည်။ ကောက်စိုက် ပျိုးနှုတ်နဲ့ ဘယ်သူမှမအားလပ်ကြပေ ။ထိုအထဲတွင် မမကြီးတို့မိသားစုလဲ ပါသည်။အဲ့ဒီတော့ မူယာလဲ ရောက်တုန်းရောက်ခိုက် မမကြီးတို့အလုပ် တွေကို ကူလုပ်ရင် တစ်နေကုန်မအားသလို အညိုနဲ့လည်းမတွေ့ဖြစ်ပါ။
တစ်နေကုန် မတွေ့ရ တော့လဲ မျက်နှာချောချောကို လွမ်းမိသားလား။အိပ်ယာပေါ်လှဲချရင် သူ့အကြောင်းတွေးနေတုန်း မူယာ့ခေါင်းရင်းတံခါးကို ခေါက်တဲ့အသံကြားလိုက်ရသည်။
"ဒေါက်...ဒေါက်.."
"အမလေး ဘုရား!!.."
"အန်တီ..အန်တီ အိပ်ပြီးလားဟင်.."
ရုတ်တရက်မို့ မူယာလန့်သွားပေမယ့် ခပ်တိုတိုးအသံလေးကြားရတော့ ဘယ်သူမှန်းသိလိုက်သည်။မူယာ့ရဲ့ ကလေးဆိုးဘဲ။လှဲနေရာကနေထပြီး ခေါင်းရင်းတံခါးကို အသာအယာဖွင့်လိုက်သည်။
တံခါးဖွင့်လိုက်တာနဲ့ လရောင်ရဲ့ အကူအညီနဲ့ လွမ်းနေရတဲ့ မျက်နှာလေးကို မြင်လိုက်ရတယ်။
YOU ARE READING
ချစ်လွန်း ညို
Fanfictionရန်သူတော် မားမားဘိုင်းလေးရဲ့ အဒေါ်ကို ရအောင်ယူမယ့် နေညိုကွေး...ဟဲ...ဟဲ..