အပိုင်း ၆
"အဲ့ဒါကို မင်း ဘာလို့ အခုမှ လာပြောတာလဲကွ..."
"အော် ငါလည်း အခုဘဲသိတာလေ သိသိချင်းဘဲ အပြေးလာပြောတာဘဲ ကွ.."
"ဆောရီး ဆောရီး ငါဒေါသထွက်သွားလို့ အခုလိုလာပြောပေးတာကျေးဇူးတင်တယ်..ငါ စုံစမ်းကြည့်ပါအုန်းမယ်..."
"အေး... တအားလဲ မစိုးရိမ်ပါနဲ့ ရည်စားဟောင်းဘဲဟာ .."
"အေးပါ ငါ အန်တီကို မေးကြည့်လိုက်မယ်.. "
နေညို့ စိတ်ထဲမပျော်တော့ပါ။အန်တီမှာ ချစ်သူရှိခဲ့မယ်လို့ နေညိုဘာလို့မတွေးခဲ့မိတာလဲ။အန်တီက အရွယ်တစ်ခုရောက်နေတဲ့ အမျိုးသမီးဆိုတာကို နေညိုမေ့နေခဲ့တာဘဲ။
ချက်ခြင်း ပြေးသွားချင်ပေမဲ့ အခုအချိန်သွားရင် အန်တီလဲ စိတ်ရှုပ်နိုင်သလို နေညိုလည်း ဘာမှနားမထောင်နိုင်ပေ။ အန်တီနှုတ်က ထိုလူကို ချစ်နေပါသေးတယ်လို့ ပြောလာရင် နေညို အဲ့ဒီနေရာမှာဘဲ နှလုံးရပ်သွားနိုင်သည်။ မခံစားနိုင်ပါ ။ဒါကြောင့် ကြိတ်မှိတ်ပြီး နေဖို့သာ ဆုံးဖြတ်လိုက်သည်။
~~
မူယာနဲ့ မမကြီး စကားပြောလို့ ပြီးတော့ မမကြီးက အခန်းထဲကပြန်ထွက်သွားသည်။မမကြီးထွက်သွားတော့ မူယာအတွေးထဲ ဟိုကလေးမ ရောက်လာသည်။
သူရော ဒီအကြောင်းကို သိသွားမှာဘဲ..သူဘယ်လိုများနေပါလိမ့်။သူ့ပုံစံအတိုင်းဆို ချက်ခြင်းရောက်ချလာလိမ့်မည်ထင်သည်။မူယာ့စိတ်ထဲမှာလဲ သူ့ကိုလာစေချင်သည် သူထင်နေသလိုမဟုတ်ကြောင်းရှင်းပြချင်သည်။မူယာ့အပေါ် သူအထင်လွဲမှာကို မူယာကြောက်နေမိသည်။
ဘာကြောင့်လဲ...ဘာကြောင့် လဲ ဆိုရင် သူ့အချစ်တွေကို မူယာ ခံစား မိသလို...မူယာလဲ သူ့အပေါ်စိတ်ဝင်စားနေမိပြီး။
ဒါပေမဲ့ သူ မလာခဲ့ပါ။မျော်နေမိပေမဲ့ သူကတော့ ပျောက်ချက်သားကောင်းနေခဲ့တာ ၁ပတ်တောင်ရှိခဲ့ပြီး။ ကိုကျော်စွာကလဲ မပြန်ပေ ရွာဦးကျောင်းမှာ တည်းပြီး မူယာ့အနား ပြန်ကပ်ဖို့ ကြိုးစားနေလေသည်။
ကိုကျော်စွာကိုမြင်တိုင်း မူယာစိတ်ရှုပ်ရသည် မပက်သတ်ချင်ပေမဲ့လည်း လူတို့ရဲ့သဘာဝ မကောင်းတတ်လို့ လက်ခံစကားပြောရသည်သာ။ မျှော်သူကမလာဘဲ မမျှော်တဲ့လူကသာ မူယာတို့အိမ်ကို ဝင်ထွက်နေလေသည်။
YOU ARE READING
ချစ်လွန်း ညို
Fanfictionရန်သူတော် မားမားဘိုင်းလေးရဲ့ အဒေါ်ကို ရအောင်ယူမယ့် နေညိုကွေး...ဟဲ...ဟဲ..