အပိုင်း၁၆(ဇာတ်သိမ်း)

1.8K 97 1
                                    

အပိုင်း၁၆

"အချစ် မောင်တို့ မင်္ဂလာဦးကြရအောင်လေ..မနေ့က ဒဏ်ရာကြောင့် အချစ်ပင်ပန်း‌နေလို့ မောင် မတောင်းဆိုခဲ့တာ။အခုတော့ အဖျားငွေ့ငွေ့လေးဘဲ ရှိတာဆိုတော့ ချွေးထွက်ပြီး အဖျားပျောက်သွားအောင် မောင်ကူညီပေးမယ်လေ.."

ရင်ခွင်ထဲ အိပ်နေတဲ့ အန်တီ့ကိုကြည့်ပြီး တိုးတိုးလေးပြောမိသည်။အဲ့လိုတောင်းဆိုသင့်လား နေညိုမသိပါ။ဒါပေမယ် အန်တီသဘောမတူဘဲလဲ နေညိုမရယူခြင်ပါ။ဒါပေမဲ့ အန်တီမျက်ဝန်းတွေကိုကြည့်ပြီးတောင်းဆိုဖို့လဲ နေညိုမရဲပေ။

အဲ့ဒါကြောင့် အခုလို အန်တီ အိပ်မှ စိတ်ထဲရှိတာကို ထုတ်ပြောဖြစ်သည်။ထားပါတော့လေ ဒီညလဲ ဒီအတိုင်းလေး အေးအေးချမ်းချမ်းအိပ်ကြတာပေါ့ လို့‌ တွေးပြီး နေညို မျက်စိမှိတ်လိုက်သည်။

"မောင်.....

ဘာကိုစောင့်နေတာလဲဟင်...

တို့က မောင့်ရဲ့ ဇနီးတစ်ယောက် ဖြစ်နေပြီးလေ...

မောင်လိုချင်တာကို မတောင်းဆိုရင်တောင် တို့ပေးမှာပါ ဒါကြောင့် မောင်က အခုလို သည်းခံမနေပါနဲ့.....

တို့က မောင့်ဇနီးမို့ မောင်လိုချင်တာကို တို့ ဖြည့်စည်းပေးမှာပေါ့...."

အန်တီက ရင်ခွင်ထဲကနေ မျက်စိမဖွင့်ဘဲ ထိုစကားကို ဆိုလေသည်။ကြည့်ရတာ အန်တီမအိပ်သေးဘဲ နေညို့စကားကို ကြားသွားတယ်ထင်ပါသည်။

"မောင်က အချစ်လက်မခံရင်လဲ မရယူချင်လို့ပါအချစ်ရဲ့။အချစ်ကြည်ဖြူမှ ဒီလမ်းကို မောင်လျှောက်မယ်။ဒီလို မလုပ်ရလို့လဲ အချစ်ကို မောင်အချစ်မလျော့ပါဘူး.."

"တို့သိပါတယ် မောင်... ဒီအရာကလဲ တို့နဲ့မောင်ရဲ့ ကြီးမားတဲ့ ဆက်နွယ်မှုဘဲလေ..တို့လဲ မောင်နဲ့တူတဲ့ သမီးလေး မောင့်ကို‌ မွေးပေးချင်တယ်..." 

"ချစ်လိုက်တာ မောင့် လူကြီးလေးရယ် ..ဒီလိုဆိုတော့ မောင်တို့ စကြတာပေါ့..နော်.."

"အင်း မောင့်သဘော..တို့လိုက်မှီသလောက် မောင်‌ ‌ ခေါ်သွားမယ့် နောက်ကို လိုက်ခဲ့မယ်.."

You've reached the end of published parts.

⏰ Last updated: Oct 26 ⏰

Add this story to your Library to get notified about new parts!

ချစ်လွန်း ညိုWhere stories live. Discover now