အပိုင်း (၂)

216 26 15
                                    

(Uni)
ရွှေကျီးအာသံ အဆက်မပြတ်ထွက်ပေါ်ပြီးနောက် ဆိုင်ထဲဝင်ရောက်လာသော လူငယ်လေးတစ်ဦး။

" အစ်ကို.. ကျွန်တော်ရောက်ပြီ "

အသိပေးလာသော စကားသံဝဲတဲတဲကြောင့် ပြုံးယောင်သန်းသွားသည့် မျက်နှာထားကို လင်းလက်သော် ဘာသာသိုဝှက်မိလေ၏။ ပြန်လာမည်ဟုပြောသွားခဲ့သူက အတိုင်းထက်အလွန်ပင် ကတိတည်ပေးသည်။

ကညင်ကိုင်းကျေးရွာကနေ မြောင်းမြမြို့နယ်အထိ။ လင်းလက်သော်ရှိရာဆီသို့ တစ်ရက်ခြားတစ်ခါ အသွားအပြန်လုပ်ပြီး တကူးတက လာရောက်တွေ့ဆုံတတ်၏။ သူ့ဆီရောက်လာတိုင်းလည်း ဘယ်သောအခါမှ လက်ဗလာဖြင့်မလာပါ။ အစားအသောက်တစ်မျိုးမျိုးက နမ်းရအောင်လက်ထဲတွင် အမြဲနေရာယူထားလေ့ရှိသည်။

စောင့်နေမည်ဟု ပြောခဲ့သူကလည်း ထိုပြက္ခဒိန်နေ့စွဲမှအစပြု၍၊ အိမ်ပေါ်တွင်ဖင်ပူအောင်လို့ ကြာကြာဆက်မထိုင်နိုင်ရှာ..။ အိမ်ဘေးကပ်ရပ်တွင်ရှိသော စာအုပ်အငှါးဆိုင်လေးဆီသို့ အပြာရောင် လွယ်အိတ်ကလေးလွယ်ကာ ကြိုရောက်နှင့်နေတတ်ပြီ။ ယခင်လိုပုံဆွဲရင်း ဆိုင်စောင့်ရသည်ထက် နမ်းရအောင်နှင့်မုန့်စားရင်း စကားပြောရသည်ကို လင်းလက်သော်က ပိုသဘောကျလာခဲ့သည်။

ပုံမှန်ဆိုရင် ညနေ(၄)နာရီလောက်မှ စဖွင့်သည့်မြေနီလမ်းဆိုင်က တစ်လတာဧည့်သည်လေးအတွက် အချိန်နှစ်
နာရီစောစီးပြီး တံခါးဖွင့်ပေးသည်။ လင်းလက်သော်ခမျာ ကညင်းကိုင်းသားလေး နမ်းရအောင်၏ အိမ်ပြန်ခရီးလမ်းကြောင်းကို စိတ်ပူတာကြောင့်ပင်။ ထိုသည်မှာလည်း ညနေစောင်းလာသည်နှင့် မြောင်းမြ-ကညင်ကိုင်းကို ပြေးဆွဲပေးမည့်ကားများ မရှိတော့ရာကအစပြု၏။

ပင်လယ်လေးကြိုးတံတားမှာ ဆောက်လုပ်နေဆဲဖြစ်၍ ဟိုဘက်ကမ်းသည်ဘက်ကမ်းကို အခေါက်ခေါက်အခါခါ ဇက်သင်္ဘောနှင့်ကူးရသည်က သိပ်မလွယ်ကူပါ။ ပုံမှန်အားဖြင့်တော့ ဂိတ်စဖြစ်သည့် လပွတ္တာမြို့နယ်မှ ကုန်စိမ်းလာသယ်သောကားက၊ မနက်အစောပိုင်းတွင် တစ်ဖက်ကမ်းဆီသို့ ဇက်သင်္ဘောဖြင့်ကူးလာပြီး ခရီးစဉ်တစ်ကြောင်းကို စတင်ပြေးဆွဲသည်။

အချစ်တရားဦး နာလိုသူပါ ( Ongoing )Where stories live. Discover now