အပိုင်း (၆)

129 20 3
                                    

(Uni)
" ငါမောင်းတာ လမ်းမှန်ပါတယ်နော် "

" ထင်တာပဲလေ.. ငါလည်း မသွားဖူးဘူး "

" ကောင်းကွာ။ မင်းတို့နှစ်ကောင်က နည်းနည်းလေးမှကို အားကိုးမယ်မကြံရဘူး "

" လျှာရှည်မနေနဲ့ ဟိတ်ရောင်! ဟိုးအရှေ့က ဦးလေးကြီးကိုသာ လှမ်းမေးကြည့်လိုက် "

ဖုန်ထူနေသောလမ်းနံဘေးတွင် နှီးတောင်းကြီးလွယ်ကာ ကပ်၍လျှောက်နေပါသော ကရင်ဦးလေးကြီးအနား တိုယိုတာ Mark II ကားအဖြူတစ်စီးက ခပ်ဖြည်းဖြည်းတိုးရပ်သွား၏။ လှည့်ကြည့်လာသော ကရင်ဦးလေးကြီးကို မောင်းသူနေရာကနေ စောဝင်း ခေါင်းပြူထွက်လာပြီး အမေးရှိသည်။

" ဗျို့! ဦးကြီးရေ.. ပင်လယ်လေးတံတားကို သွားတဲ့လမ်းက ဒီလမ်းမှန်သလားဗျ "

" အေး! မှန်တယ်ကွ "

" ဟူး.. တော်ပါသေးရဲ့ "

" ဟားဟား! လပွတ္တာသွားတဲ့လမ်းက ဒီတစ်လမ်းပဲရှိတာ.. မင်းတို့မြို့သားတွေ ငါ့တယ်နောက်သကွာ "

" ဪ.. အဲ့လိုလား။ ဟဲဟဲ! ကျွန်တော်တို့လည်း ဒီဘက်အပိုင်းကို အခုမှဆင်းဖူးတာဆိုတော့ လမ်းသေချာမသိဘူးဗျ "

" မပူလေနဲ့! မင်းတို့အခု သိလ္လာကိုကျော်ခဲ့ပြီမို့ လမ်းကတော့ တစ်ဝက်ကျိုးနေပြီ။ ရှေ့နားလောက်ကျရင် ဆောင်ပုံ.. ဂါတ်စု လမ်းခွဲတွေရောက်မယ်။ လပွတ္တာသွားဖို့ဆို ဒီလမ်းအတိုင်းသာ တည့်တည့်မောင်းသွားလိုက်နော့ "

ကရင်ဦးလေးကြီးက ရယ်ရယ်မောမောနှင့်သာ လမ်းညွှန်ပေးနေသည်။ ကားနောက်ခန်းတွင် ထိုင်လိုက်လာခဲ့သည့် လင်းလက်သော်က ကားခေါင်းခန်းဆီသို့ ကိုယ်ကိုကိုင်းညွှတ်၍ အမေးပြုလာပြန်သည်။

" တောင်ပေါ်စုကိုရော ကျော်လာခဲ့ပြီလား ဦးလေးကြီး "

" ဆောင်ပုံကျော်သွားပြီးမှ တောင်ပေါ်စုကိုရောက်မှာ.. လိုသေးတယ်။ တည့်တည့်သာ ဆက်မောင်းသွားကြအုံးနော့ "

" ဟုတ်ဟုတ်! ကျေးဇူးပါ ဦးလေးကြီး "

လင်းလက်သော်က ပြောလက်စပြီးသည်နှင့် စောဝင်းလက်မောင်းကို တံတောင်ဖြင့် တွတ်ထိုးလိုက်သည်။ အူကြောင်ကြားစောဝင်းအစား ကြည်စင်ကပဲအလျင် သဘောပေါက်သွားသဖြင့် ခေါက်အိတ်ထဲကနေ ငွေစက္ကူအရွက်ကြီးတစ်ရွက် မြန်မြန်ထုတ်လိုက်ပြီး ဦးလေးကြီးကို လှမ်းပေးလာ၏။

အချစ်တရားဦး နာလိုသူပါ ( Ongoing )Where stories live. Discover now