(Uni)
" ဟင့်! ကိုကိုကြီးက အကျင့်လည်းမကောင်းဘူး။ သူ့တစ်ယောက်တည်းကို အများကြီးယူချသွားတယ် "" မန်ကျည်းသီးမပေးချင် နေဗျာ။ သားတို့ကိုချောကလက် တစ်လုံးစီလောက်တော့ ပြန်ခွဲပေးခဲ့အုံးလေ "
ဝေစုခွဲပေးတာနည်းနေ၍ မကျေမနပ်ဖြစ်ချင်ကြသော ဝမ်းကွဲမောင်နှမများက သူ့ကိုအပြိုင်အဆိုင်ပင် အထွန့်တက်လာ၏။
" ဘာလဲ.. ကိုကိုကအကြီးလေ။ မင်းတို့တွေထက် အရပ်ပိုရှည်လို့ပိုစားတာ ဘာဖြစ်လဲ "
လင်းလက်သော်က လက်ထဲတွင်မနိုင်မနင်း ကိုင်ထားရသောမုန့်များကို အင်္ကျီခါးပုံစထဲထည့်လိုက်ပြီး အပေါ်ထပ်ရှိအိပ်ခန်းဆီ ခြေဦးလှည့်ဖို့ပြင်သည်။ လှစ်ဟသွားရသည့် ဗိုက်သားချပ်ချပ်များကတော့ ဖြူဖွေးကျစ်လစ်နေလျက်။
" အဲ့လိုကြေးဆို.. ညီမလေးတို့ကလည်း ကလေးပဲရှိသေးတာလေ "
" မှန်းစမ်း! ဘယ်ကလေးကရော အချစ်ဝတ္ထုတွေကို ညညခိုးဖတ်တတ်လို့လဲ။ နော်.. ကိုကို့ကို ညီမလေးကပဲအရင် ရှင်းပြပါအုံးလား "
" ကိုကိုကြီးက အကျင့်ပုပ်တယ်.. ဟွန့်! "
လူကြီးများ ကြားသွားမည်စိုးသောကြောင့် ဦးလေးဖြစ်သူ၏သမီးကြီး (၇)တန်းကျောင်းသူမက မသိမသာလေး မျက်နှာငယ်ပြရှာသည်။ သစ်ရွက်ကလေးများ လှုပ်ခါပြရင်တောင်မှ တခိုးခိုးတခစ်ခစ်ဖြင့် စိတ်ကစားတတ်သော မြီးကောင်ပေါက်အရွယ်များဖြစ်၍၊ အိမ်ရှိလူကြီးသူမများက ပညာရှာနေချိန်တွင် အချစ်ဝတ္ထုဖတ်ခြင်းကို အပြင်းအထန်တားမြစ်ထားကြ၏။
ဖြစ်ချင်ပြန်တော့ အိမ်ရှိအကြီးဆုံးနှစ်ယောက်က မသုံးဖြစ်တော့မည့် ဥယျာဉ်အိမ်အဟောင်းကို စာအုပ်အငှါးဆိုင်လေးအဖြစ် ပြောင်းလဲပြင်ဆင်လိုက်သည်လေ။ လင်းလက်သော်ဆိုသည်မှာ ထိုကဲ့သို့သော မလွယ်ကြောပီပီ။ ညီမငယ်များ၏ တလဲ့လဲ့တောက်ပနေသော မျက်ဝန်းအိမ်တို့ကို သတိထားမိသွား၍ အချစ်ဝတ္ထုတစ်အုပ်လျှင် မှောင်ခိုစျေးနှစ်ဆတင်ပြီး ငှါးရမ်းပစ်သည်။
လစဉ်လတိုင်းမှာ သူတို့စုထားသမျှသော မုန့်ဖိုးအလွှာလွှာက အစ်ကိုဖြစ်သူ၏ သားရေပိုက်ဆံအိတ်အတွင်းသို့ ဝင်လာမစဲတသဲသဲသာ..။ လင်းလက်သော်က သူ့ထက်သုံးနှစ်ကြီးသည့် အစ်မဖြစ်သူပြီးရင် နီးစပ်ရာမောင်နှမများထဲမှာ အသက်အကြီးဆုံးဖြစ်၏။ အငယ်များကို အချိန်ပြည့်နီးပါး ဗိုလ်ကျတတ်သူအဖြစ် နာမည်ကြီးသေးသည်။
YOU ARE READING
အချစ်တရားဦး နာလိုသူပါ ( Ongoing )