ချစ်လွန်း၍ကြမ်းမိသည်
အပိုင်း.၁
အဆောင်တော်တစ်ခုတွင်ဖြစ်၏။မီးရောင်မှိန်မှိန်တို့ဖြင့်ရှိနေသောအခန်းကျယ်တစ်ခုတွင်စာရွက်များကပြန့်လွင့်နေ၏။
တစ်ခုခုကိုနက်နဲစွာစဉ်းစားနေပုံရသည့်လူတစ်ယောက်၊ထိုသူကတော်ရှောင်တိုင်းပြည်ကြီး၏စစ်သေနာပတိချုပ်ကြီးဝမ်ရိပေါ်
ထိုအချိန်ခြေဖော့ကာဝင်လာသူများ
အားလုံးကအဖြူရောင်ကိုဝတ်ဆင်ထားပြီးမျက်နှာဖုံးများဖြင့်
ဘယ်လောက်ပဲခြေသံလုံနေပါစေ ရိပေါ်၏စူးရှထက်မြတ်သောအကြားအာရုံမှမလွှတ်မြောက်နိုင်
ဝုန်း.."
အသံနှင့်အတူဓားဖြင့်ခုတ်ပိုင်းလာသူအားအသာရှောင်ကာဘေးရှိဓားအားဆွဲယူကာတိုက်ခိုက်လိုက်သည့်စစ်သူကြီးဝမ်ရိပေါ်တိုက်ခိုက်မှု့တွေပြင်းထန်လာ၏။ရှစ်ယောက်နှင့်တစ်ယောက်ဖြစ်သည့်တိုင် ရိပေါ်ကတော့တည်ငြိမ်စွာတိုက်ခိုက်နေခြင်း
ထိုလုပ်ကြံသူရှစ်ယောက်ကလည်း တိုက်ခိုက်ရေးကျွမ်းကျင်အဆင့်မှလူတွေဖြစ်ပေမဲ့စစ်သေနာပတိချုပ်ဖြစ်တဲ့သူ့ကိုတော့မရှင်နိုင်
ဝုန်း.."
တခါးအားကန်ဖွင့်ကာဝင်လာသောစစ်သည်တော်များ..
လုပ်ကြံသူများကတစ်ယောက်နှင့်တစ်ယောက်ကြည့်ကာခေါင်းညိမ့်ပြပြီး လာသောလမ်းမှခုန်ကာထွက်ပြေးသွားကြသည်။
"လိုက်ကြတစ်ယောက်မှမလွတ်စေနဲ့"
အမိန့်ပေးလိုက်သူက ရိပေါ်၏ညာလက်ရုံးအားဟုံ
အားဟုံအမိန့်သံအဆုံးထွက်သွားကြသောစစ်သည်တော်များ
"စစ်သူကြီး"
အားဟုံသည် အရိုသေပေးကာ ရိပေါ်၏နားသို့ကပ်ကာတစ်စုံတစ်ခုကိုတိတ်တဆိတ်ပြော၏။
ထိုအခါမှရပ်နေရာမှလျှင်မြန်စွာသွားသူကစစ်သေနာပတိချုပ်ကြီး ရိပေါ်
~~~~~
"မီလော့.."သေသပ်ပိရိသောနှုတ်ခမ်းထက်မှခေါ်ဆိုလိုက်သောနာမ်စားတစ်ခု၊စာပွဲပေါ်မှာခေါင်တင်၍မှောက်ရက်အနေထားအားအပေါ်ဆွဲလှည့်လိုက်တော့ပါးစပ်ထက်မှစီးကြနေသောသွေးမည်းမည်းများ၊မျက်ဝန်းတစ်စုံပြူးကျယ်သွားရသူက ရိပေါ်
YOU ARE READING
ချစ်လွန်း၍ကြမ်းမိသည်
Fanficအရမ်းချစ်တက်လွန်းတဲ့စစ်သူကြီးဝမ်နဲ့အကြောင်းမဲ့သက်သက် မုန်းနေတဲ့စစ်သူကြီးကတော် ဦးရီးတော်လေးရှောင်ကျန့်အကြောင်း ချစ်လွန်းပေမဲ့ကြမ်းတမ်းလွန်းတဲ့အချစ်ကြမ်းကြမ်းစစ်သူကြီးဝမ်ကို ဘာသိုင်းပညာမှစိတ်မဝင်စားပဲဆေးပညာနဲ့ပန်ချီပညာသာတက်မြောက်ထားတဲ့ ဘုရင်ထက်အားဏာရ...