အပိုင်း.၇

73 1 0
                                    

ချစ်လွန်းကြမ်းမိသည်
အပိုင်း.၇

မနက်နိုးလာတော့တင်းရင်းစွာဖက်ထားခံရသည်ကြောင့် မော့ကြည့်လိုက်တော့ဝမ်ရိပေါ်၏မျက်နှာကနီးကပ်စွာ

ရင်ထဲမှာဘာဖြစ်လာမှန်းမသိတာကြောင့် ထိတ်လန့်စွာတွန်းထုတ်လိုက်၏။

"အား..."
နာကျင်သွားသောခန္ဒာကိုယ်ကြောင့် ထိတ်လန့်စွာမျက်ဝန်းတစ်စုံကိုဖွင့်ကြည့်လိုက်တော့ကြမ်းပြင်ထက်မှာရောက်နေသောမိမိအဖြစ်..

"ရှောင်အယ်ဘာလို့တွန်းချတာလည်း.."
နားမလည်စွာမေးမိတော့ ထထိုင်ကာကြောင်အန်းအန်းဖြင့်ကြည့်လာသောသူကြောင့်..

"ငါ..အိမ်မက်ထဲမှာဖြစ်တာကိုအပြင်မှာဖြစ်တယ်လို့ထင်လို့.."

"ဟန်.."
နားမလည်းစွာကြည့်မိတော့ မှုန့်ကုတ်ကုတ်ကြည့်လာတာကြောင့်..

"ထားပါတော့ရှောင်အယ်အိမ်မက်ထဲမှာဘာမက်လို့တုန်း.."

"မင်းအပူမပါဘူး.."
ဝမ်ရိပေါ်အား ခပ်ပြတ်ပြတ်ပြောပြီးကုတင်ထက်မှဆင်းလိုက်သည်။အမှန်တိုင်းပြောလို့မဖြစ်ဘူးလေ၊ကိုယ်ကအိမ်မက်မှမမတ်ပဲကိုး

ရိပေါ်လည်း ကြမ်းပြင်မှထလိုက်ရင်းရှောင်အယ်နားသွားကာဖက်လိုက်ပြီး..

"မဟုတ်မှအိမ်မက်ထဲမှာကိုယ့်ကိုကန်တယ်လို့များမက်တာလား"

ပြောကာပါးနုနုလေးအားနမ်းလိုက်တော့

"ဖယ်စမ်းပါ မျက်နှာမသစ်ပဲနဲ့"
ပြောရင်းရုန်းလိုက်တော့လွှတ်ပေးလာသောသူကအရင်နေ့တွေကနဲ့မတူ

"ရှောင်အယ် ဒီနေ့ကလပြည့်ပွဲတော်လေ၊ရှောင်အယ်သွားချင်လား"

"ငါကလေးမဟုတ်ဘူးဝမ်ရိပေါ်.."

"ဒါဆိုမသွားချင်ဘူးလား.."

"သွားမယ်..."
ပြောကာထွက်သွားသောချစ်ရသူကြောင့်ရိပေါ်ပြုံးမိ၏။

"နေအုန်းလေရှောင်အယ်မျက်နှာလည်းမသန့်စင်ရသေးပဲနဲ့.."

သူ့အော်သံကြားတော့ရပ်သွားပြီးပြန်လှည့်လာသောရှောင်အယ်က ရုပ်တည်ကြီးလုပ်နေသည့်တိုင် ပါးနှစ်ဖက်သာမကနားရွက်ဖျားလေးတွေပါရဲနေ၏။

ချစ်လွန်း၍ကြမ်းမိသည်Where stories live. Discover now