အပိုင်း.၉

138 6 0
                                    

ချစ်လွန်း၍ကြမ်းမိသည်။
အပိုင်း.၉

ငါဘယ်ရောက်နေတာလည်း၊ထူးဆန်းအံ့သြောစွာသာငေးကြည့်နေမိ၏။

ထိုအချိန် ကမ်းပါးကြီးတစ်ခုနားသို့ရှောင်ကျန့်ရောက်လာတာဖြစ်ကြောင်းသိလိုက်သည်။

"ဟင်ရှေ့မှာကလေးလေးတစ်ယောက်.."

ရှောင်ကျန့်ကြည့်နေစဉ်ထိုနေရာသို့ကလေးလေးတစ်ယာက်ပြေးလာ၏။
ထိုပြေးလာသော ကလေးလေးကရှောင်ကျန့်ငယ်ငယ်ကနှင့်တထေရာတည်းတူနေ၏။

စိတ်ဝင်စားစွာကြည့်နေစဉ်..

"ဟိတ်..ဘာဖြစ်နေတာလည်း"

ရှောင်ကျန့်ငယ်ငယ်ကနှင့်တူသောကလေးလေးကရှေ့က ကလေးလေးအားမေးလိုက်ခြင်း

နောက်လှည့်ကြည့်လာသောထိုရှေ့က ကလေးလေး၏ဝတ်ရုံတို့သည်စုတ်ပြဲနေကာသွေးချင်းထပ်နေ၏။

"မင်းအဆင်ပြေရဲ့လား.."

ရှောင်ကျန့်နှင့်တူသောကလေးငယ်လေးကထိုကလေးနားသွားကာမေးရင်း ထိုကလေးအားချောင်းကမ်းပါးနားမှဝေးရာသို့ဆွဲခေါ်လာ၏။

"ငါ...ငါကြောက်တယ်.."

"ကြောက်တယ်.."
"ကြောက်ဖို့မလိုဘူး ငါကရှောင်နိုင်ငံရဲ့ဦးရီးတော်ရှောင်ကျန့် မင်းကိုငါကာကွယ်ပေးလို့ရတယ်.."

"ဟင်..".ရှောင်ကျန့်အံ့အားသင့်သွားရတာအမှန်..

ဘာတေဖြစ်နေတာလည်း ဒါဆိုထိုကလေးပေါက်စလေးက ရှောင်ကျန့်ငယ်စဉ်ကလား၊ဘာကြောင့်ရှောင်ကျန့်မှတ်ညဏ်ထဲဒါတွေမရှိတာလည်း..

"မင်းကရောဘယ်ကလာတာလည်း.."

"ငါက.ချင်တိုင်းပြည်ကအိမ်ရှေ့စံ.."
"ဟင်..."ထိုကလေးစကားမဆုံးခင် လူတွေလာနေသောခြေသံကိုကြားလိုက်ရတာကြောင့် သွေးတေပေနေသောကလေးကအမြန်ထကာ..

"ရှောင်ကျန့်ငါမင်းကိုလာရှာမယ် ငါ့ကိုစောင့်နေ.."

"မင်းနာမည်ပြောသွားအုန်းလေ"ရှောင်ကျန့်မှအော်ပြောမိခြင်း၊ရှောင်ကျန့်ဆိုသောကလေးပေါက်စကတော့ပြူးကြောင်ကြောင်လေးငေးကြည့်နေ၏။

ထိုချင်အိမ်ရှေ့စံဆိုသောကလေးလေးက ချောင်းကမ်းပါးသို့ခုန်ဆင်းသွားသည်။

ချစ်လွန်း၍ကြမ်းမိသည်Where stories live. Discover now