အပိုင်း.၈

116 8 1
                                    

ချစ်လွန်း၍ကြမ်းမိသည်
အပိုင်း.၈

"ဝမ်ရိပေါ်.."

"ဖြောင်း.."အ့.."

နာကျင်သွားသောပါးပြင်အားကိုင်ကာ အံ့အားသင့်စွာကြည်မိ၏။ ဘာကြောင့်ရိုက်သည်မသိပေမဲ့ ရှောင်အယ်​မျက်နှာမှာဒေါသတို့ကအပြည့်..

"ရှောင်အယ်.."

"မင်း..သခင်ရောကျွန်ရောအတူတူပဲ၊အမြင့်ကိုမှန်းတဲ့နေရာမှာ"

လက်သီးကိုကျစ်နေအောင်ဆုတ်ပြီးပြောနေသောရှောင်ကျန့်မျက်နှာကဒေါသတို့ကြောင့်ရဲရဲနီနေသည်။

"ဘာကိုပြောချင်တာလည်းရှောင်အယ်"

"ဘာကိုလည်းဟုတ်လား၊မင်းရဲ့လက်အောက်ကအားဟုံကရာရာစစငါ့တူကိုမှ..တောက်..."

ထပ်မပြောနိုင်တော့ပဲတောက်ကိုသာခေါက်မိ၏။

"အားဟုံကမင်းကြီးကိုဘာလုပ်လို့လည်းရှောင်အယ် ကိုယ်မသိဘူး"
နားမလည်စွာမေးလိုက်ပေမဲ့စူးရဲနေသောမျက်ဝန်းတစ်စုံဖြင့်သတ်ဖြတ်မတက်ကိုယ့်အားကြည့်နေသူရှောင်အယ်ကြောင့်

"ကျောက်မင်.."

"စစ်သူကြီး"

ရိပေါ်အော်သံအဆုံးဝင်လာသူကျောက်မင်

"အားဟုံတစ်ခုခုလုပ်ထားလား.."

"ဟုတ်ကဲ့..အားဟုံက မင်းကြီးကို.."

​စကားကိုရပ်ကာရှောင်အယ်ကိုမသိမသာလှမ်းကြည့်သောကျောက်မင်ကြောင့်..

"မင်းကြီးကိုဘာလုပ်ထားလည်းရှင်း​အောင်ပြော.."

"ဟို..မင်းကြီးနဲ့အတူနေ.."

"တော်တော့.."
ရှောင်ကျန့်ထပ်မကြားနိုင်တော့တာမို့ တားလိုက်မိသည်။

ရိပေါ်နားလည်သွားကာ ရှောင်အယ်ကိုကြည့်လိုက်တော့ဒေါသတို့ကြောင့်တုန်ရီနေ၏။

"ကျောင်မင်သွားတော့"

"ဟုတ်ကဲ့"

"ရှောင်အယ်ကို.."

"တော်တော့..
ငါဘာမှမကြားချင်တော့ဘူး"
​ဘာမှမကြားနိုင်စွာသာရှောင်ကျန့်အော်လိုက်၏။

နားနှစ်ဖက်ကိုပိတ်ကာအော်လာသောရှောင်အယ်ကြောင့်ရိပေါ်စိတ်မကောင်း။အားဟုံကမင်းကြီးကိုစိတ်ဝင်စားမှန်းသူသိပေမဲ့ခုလိုဖြစ်လာမည်ဟုထင်မထားခဲ့၊

ချစ်လွန်း၍ကြမ်းမိသည်Where stories live. Discover now