အပိုင်း.၁၁

68 8 3
                                    

အပိုင်း. ၁၁

စစ်သူကြီးအိမ်တော်ရှိ ပန်းခြံထဲမှာ ထိုင်၍ရေ‌နွေသောက်နေသောရှောင်ကျန့်

သူ့အတွေးထဲမှာနေရာယူနေသည်က အိမ်မက်ထဲကကောင်ငယ်လေး

လေပူတစ်ချက်ကိုမှုတ်ထုတ်မိ၏။ထိုကောင်လေးကဘယ်သူလည်းဆိုတာတစ်ကယ်သိချင်မိ၏။

""ဟွာဖန် နန်းတော်ကိုသွားမယ် မင်းလှည်းပြင်ထားပါ""

"မှန်ပါ့ဦးရီးတော် ""

ရှောင်ကျန့်အမိန့်ရသည်နှင့်လျင်မြန်စွာထွက်သွားသောဟွာဖန်

______

"ဦးရီးတော်ကြွချီလာပါတယ် ခုပန်းခြံထဲမှာမင်းကြီးကိုစောင့်နေပါတယ်"

အထိန်းတော်ကြီး၏ရှောက်တင်သံကိုကြားသည်နှင့် ထိုင်ငိုက်နေရာမှ တက်ကြွစွာဖြင့် အဆောင်ပြင်ဘက်ပြေးထွက်သွားသောမင်းကြီးကြောင့် အထိန်းတော်ကြီးမှာအ‌ပြေးလိုက်ရ၏။

"ကလေးစိတ်မကုန်သေးသောမင်းကြီးနှင့်တစ်‌ဖြေးဖြေးအသက်ကြီးလာတဲ့ငါနဲ့တော့ခက်ပါတယ်"

ရံရွှေတော်များကိုဦးဆောင်ကာအပြေးလိုက်ရသော အထိန်းတော်ကြီးမှငြီးလာသည်။

"ဦးရီးတော်"

ရှောင်ကျန့်ကိုမြန်သည်နှင့်အပြေးလာသောတူတော်မောင်ကြောင့်မျက်မှောင်ကြုံ့မိ၏။

"မင်းကြီးဖြစ်ပြီး ဘယ်လိုတောင်လည်း ခုချိန်ထိကလေးလေးလို့သူ့ကိုယ်သူထင်နေတာလား"

ရှောင်ကျန့်ခေါင်းရမ်းလိုက်မိသည်။တစ်ကယ်ပါအကိုတော်တရှိထဲက တည်ငြိမ်လာတဲ့သူနဲ့အကိုတော်မရှိတဲ့နောက်ပိုင်းပို၍ကလေးဆန်လာသောတူတော်ကြောင့်‌တိုင်းရေးပြည်ရာတွေကို ဦးရီးတော်ဖြစ်သောသူကသာ စီမန်ခန့်ခွဲနေရတာ။

"ဦး‌ရီးတော်"

ပြုံးရွှင်စွာအနားကိုလာရပ်ကာ အရိုသေပြု၍ခေါ်လာသောရှောင်မင်ကိုကြည့်နေရာမှတစ်ဖက်သို့လှည့်လိုက်၏။

ရှောင်မင်နှုတ်ခမ်းဆူလိုက်မိ၏။ဦးရီးတော်မှသူ့ကိုဂရုမစိုက်တာကြောင့်ပါ။

ချစ်လွန်း၍ကြမ်းမိသည်Where stories live. Discover now