ချစ်လွန်း၍ကြမ်းမိသည်
အပိုင်း.၆"ဒီပန်းခြံက.."
ရှောင်ကျန့်အရင်ကစစ်သူကြီးအိမ်ကိုရောက်ဖူးပေမဲ့ဒီနေရာမှာပန်းခြံမရှိ..
ခုတော့ပန်းမျိုးစုံလင်စွာနဲ့ဒီပန်းခြံကလှပနေ၏။
"ဒါက စစ်သူကြီးကြင်ယာတော်အတွက်စစ်သူကြီးကစိုက်ခိုင်းခဲ့တာပါ..."
"ငါ့အတွက်.."
ကျောက်မင်စကားကြောင့် ရှောင်ကျန့်မေးလိုက်ခြင်း။မေးတာထက်အံ့အားသင့်သွားရသည်ဆိုမှန်မည်။"မီလော်အတွက်လား.."
"နောက်မှသတိဝင်ကာ မေးလိုက်တော့.."
"မဟုတ်ပါဘူးဦးရီးတော်အတွက်ပါ.."
ရှောင်ကျန့်ထပ်မပြောဖြစ်တော့..
ဘယ်သူ့အတွက်ကအရေးကြီးမည်နည်းအရေးကြီးတာက၊ရှောင်ကျန့်စိတ်မပျော်အပျော်လေ၊ပန်းခင်းအလယ်မှာပြုံးနေသောချစ်ရသူလေးကိုကြည့်ရင်းသူပါပြုံးမိခြင်း၊ဦးရီးတော်အိမ်တော်ကိုသွားတိုင်းပန်းခင်းထဲမှာပဲတွေ့ရတက်တာကြောင့်ဒီပန်းခင်းကိုစိုက်ခဲ့ခြင်း
ခုလည်းကြည့်ပါအုန်း သူနဲ့ဆိုအမြဲတမ်းတည်တင်းစူပုတ်နေသောမျက်နှာလေးကခုတော့ကြည်လင်အေးမြနေ၏။
မင်းကိုယ့်ကိုမချစ်ရင်တောင်ကိုယ်ကချစ်တာမို့ ထာဝရကိုယ့်အချစ်တွေထဲမှာမင်းကိုသိမ်းထားမှာရှောင်အယ်..ဟုသာစိတ်ထဲမှာပြောမိ၏။
"ကျောက်မင်.."
"မှန်ပါ"
ဦးရီးတော်အိမ်တော်ကစာကြည့်ဆောင်မှာငါဖက်နေကြဆေးစာအုပ်ရှိတယ်၊အထိန်းတော်ကြီးနဲ့လိုက်ယူပေးပါ..
"မှန်ပါကြင်ယာတော်.."
ဦးရီးတော်လို့ခေါ်ဟုပြောချင်ပေမဲ့ခေါ်မှာမဟုတ်မှန်းသိတာမို့မပြောတော့ပါ
အထိန်းတော်ကြီးနဲ့ကျောက်မင်ထွက်သွားတော့ရှာင်ကျန့်အနားမှာစစ်သည်တော်ခြောက်ယောက်သာကျန်ခဲ့၏။
ရှောင်ကျန့်လည်းသူတို့ကိုဂရုစိုက်မနေပဲပန်းတွေကိုသာလိုက်ကြည့်မိသည်။
YOU ARE READING
ချစ်လွန်း၍ကြမ်းမိသည်
Fanfictionအရမ်းချစ်တက်လွန်းတဲ့စစ်သူကြီးဝမ်နဲ့အကြောင်းမဲ့သက်သက် မုန်းနေတဲ့စစ်သူကြီးကတော် ဦးရီးတော်လေးရှောင်ကျန့်အကြောင်း ချစ်လွန်းပေမဲ့ကြမ်းတမ်းလွန်းတဲ့အချစ်ကြမ်းကြမ်းစစ်သူကြီးဝမ်ကို ဘာသိုင်းပညာမှစိတ်မဝင်စားပဲဆေးပညာနဲ့ပန်ချီပညာသာတက်မြောက်ထားတဲ့ ဘုရင်ထက်အားဏာရ...