Ep(2)🌹Uni/Zgi

2.6K 106 5
                                    

🌹🌹🌹

"ကျွန်တော်ပြောချင်တာ...ပထမအနေနဲ့ ဒီလိုအပြုအမူအတွက် ဆောရီး...နောက်တစ်ခုက ကျွန်တော်ထူးဆန်းသွားတာပါ...ဟန်ပြည့် လို
ဖူးသဇင်ဆီက ခေါ်သံကြားတော့ဝမ်းသာသွားလို့ပါ"

သူ့လိုလူမျိုးဟာအဖူးဒီလိုလေး ခေါ်တာကိုဝမ်းသာတယ်တဲ့လား...သူဘယ်လိုသဘောပြောပါစေအဖူးပျော်မိနေသလိုပင်၊၊ အဟမ်း ...ဟာ...ဖူးသဇင် ဒါplay boyတွေရဲ့အကွက်တွေ...စိတ်ထိန်း...ကျစ်

"အော်..."

"ဒါဆို ခုံမှာကြိုက်တဲ့နေရာထိုင်လိုက်နော်"

အဖူးတို့ခုံတွေကိုလှမ်းကြည့်တော့သူကအကုန်စီရီထားတာမလို့၊ကျေးဇူးတော့တင်မိတယ်၊၊အဖူးလည်းခူးလေးနဲ့နီးအောင် အဝင်ဘက်ကထိုင်လိုက်သည်၊၊ဟိုplay boyကတော့ အဖူးအမြင်ကပ်တဲ့ အေးကြည်မနဲ့တဟီးဟီးတဟားဟားလုပ်နေတယ်...စောက်ရူး...

ဟန်ပြည့်သူမရှိရာလှမ်းကြည့်တော့..အဝင်ဝဘက်ကခုံမှာထိုင်ပြီ စာအုပ်လေးတွေချနေလေရဲ့၊ear phoneပြန်တပ်ပြီးသီးချင်းဆိုနေလို့ထင်တယ်၊ပြုံးရွှင်နေရော...သူမဟာတကယ်ကိုgirl friend material လေး....

"ကိုကိုဟန်.....ဘာကြည့်နေတာလဲ
သုန့်ကိုတောင်မကြည့်ဘူးဟွန့်.."

နန်းသုန်နရီ သူ့ကိုလိုက်နေတဲ့ ဟန်ပြည့်ကိုသတိထားမိနေတာကြာပြီ...ဟန်ပြည့် မှာရည်စားတွေပေါများလွန်းနေပေမဲ့...သူ့ဘက်ကစကားလေး၁ခွန်းပြောရုံတင်ကြွေကျလာတဲ့ကောင်မလေးတွေအပေါသား...သုန်နရီ လည်းထိုထဲကတစ်ယောက်ပင်၊ဒါပေမဲ့ ဖူးသဇင်...ဟန်ပြည့်ကဖူးသဇင်ကိုတော့ချွင်းချက်တစ်ခုလိုဆက်ဆံနေတာမြင်တိုင်း သုန်နရီမကျေနပ်ပါ၊၊

ဟန်ပြည့် ရည်စားအသစ်လေးကိုသနားလို့ချော့ချင်ယောင်ဆောင်ရမယ်၊သူ့အနေနဲ့ရည်စားထားရင်တစ်နာရီလောက်တောင်အလိုလိုက်ပေးတယ်၊ပြီးရင်သူစိတ်ပါရင်ဆက်တွဲတယ်၊စိတ်မပါရင်နည်းလမ်းကိုပျော့ပျော့သုံးပြီးခွဲလိုက်တယ်၊ရန်များစကားများဘာလုပ်မှာလဲ ကမ္ဘာကြီးမှာချိုချိုသာသာလေးပေါ့အဟား...

"မကြည့်ပါဘူးဗျာ...ကျွန်တော့်ရှေ့မှာအလှဆုံးနတ်သမီးလေးရှိနေတာကို.."

Miss Her Day By Day (OC)Where stories live. Discover now