အပိုင်း(၁၁)🌹Uni/Zgi

1.7K 123 13
                                    

🌹🌹

ဟန်ပြည့် အဖူးတို့အိမ်ရှေ့ရောက်တော့ ကားကိုရပ်လိုက်ပြီး...အဖူးကို ဖုန်း ခေါ်ပေမဲ့ မကိုင်ပါ...ဒါကြောင့် သူအိမ်ထဲဝင်ရန်ဆုံးဖြတ်ပြီး...သူမတို့အိမ် bell ကိုတီးလိုက်သည်၊၊လူရိပ်လေးတွေ့လို့ သူခြံ ပေါ်နားလေးက ရပ် ကြည့်တော့ ...ဓာတ်ပုံထဲက အဝတ်အစားနဲ့ကောင်ဟာ
အဖူးနဲ့ရယ်ပြီး အိုး တွေသယ်နေ၏၊၊

အဖူးဟာလည်း သူ့ကိုမြင်တာနဲ့ တန်းပြီး...ဘေးနားကကောင်ကိုစကားတွေပြောပြီး...ဟိုကောင်ဝင်တာနဲ့သူရှိတဲ့နားလာပြီး...သူမဟာပြုံးနေ၏၊၊

"ကိုကို....ဘယ်လိုရောက်လာတာလဲ"

အဖူး ရှောင်းနဲ့ တရုတ်ကပါလာတဲ့ လက်ဆောင်ပန်းအိုးထည့်ထားတဲ့ ပုံးတွေကိုအိမ်ပြင်ထုတ်ရင်း...bellသံကြောင့်တံခါးနားကြည့်လိုက်တော့...သူရောက်လာတာပင်...ဘယ်ကဘယ်လိုများရောက်လာသလဲမသိပါ...ညနေ၆နာရီတောင်ရှိနေပြီ....ဘာရယ်မဟုတ်ပေမဲ့ သူ့ကိုတွေ့တော့ဖူးလည်း စိတ်ထဲတော့ ပျော်နေမိ၏၊၊ဒါကြောင့် တံခါးဆီပြေးပြီး...ဖွင့်လိုက်တော့....ချင်ချင်းကို သူ့မျက်နှာဟာ ဒေါသရိပ်တွေထင်နေ၏၊၊

"ဖူးသဇင်...ဟိုကောင်က ဘယ်သူလဲ..
...ဘာလို့ အိမ်ထဲထိ ခေါ်ထားရတာလဲ..."

"ကိုကို!!... ဘာလို့ အော်နေတာလဲ.... ပါးတို့ကြားသွားမယ်"

"ကြားကြားကွာ ....အခုရှင်း....ဖူးသဇင်...မင်းက ကိုယ်နဲ့ချိန်းထားတာဖျက်ရလောက်အောင်အထိ...ဒီကောင်ကပိုအရေးကြီးနေတာလား...ဘာလဲ...လှေနံနှစ်ဖက်နင်းချင်တာလားကွ..တောက်...leeဘဲကွာ..."

ဖူး မှာ မထင်မှတ်ထားတဲ့ စကား‌သံ...အကြောင်း
အရာတွေကြောင့်ဆွံအမိသလို...သူ့ရဲ့အထင်လွဲမှုတွေ...စွပ်စွဲမှုတွေဟာ...အဖူးကိုနာကျင်စေသည်၊၊အကြောင်းရင်းတစ်ခုကိုသေချာမသိဘဲ...ဘာလို့များ....

ဟန်ပြည့် ခါးထောက်ပြီးအဖူးကိုကြည့်နေရင်း...အဖူးဘက်ကသူ့ကိုဘာမှမပြောဘဲ...ရပ်‌နေ ပုံ.....ဒါသူလိုချင်တာမဟုတ်ဘူး...သူ့ကိုရှင်းပြသင့်တယ်မလား...ဒါကြောင့် အဖူးရဲ့ လက်နှစ်ဖက်ကိုကျစ်ကျစ်ဆုပ်ကိုင်ပြီး...

"ပြောလေ...ဖူးသဇင်.... မင်းကကိုယ့်ချစ်သူဖြစ်နေပြီ...
မင်းအတွက်နဲ့ ကိုယ်အများကြီးပြုပြင်ပေးထားတာ...မင်းကွာ.."

Miss Her Day By Day (OC)Where stories live. Discover now