Ep(4) 🌹uni/zgi

2.4K 121 14
                                    

🌹

ဟန်ပြည့်နမ်းလိုက်တဲ့နေ့ကစပြီးအဖူးဟာသူ့ကိုတွေ့ရာနေရာကနေရှောင်တယ်....သူကျောင်းကိုလမ်းမကြီးဘက်ကလာရင်အဖူးဟာ မိန်းကလေးအိမ်သာဘက်ကသာသွားတယ်၊စိုင်းစစ်နဲ့မလိခူးပြဿနာတွေကြောင့်လည်း သူတို့(၂)ဖွဲ့ဟာအဆင်မပြေတာ...မနက်ဖြန်ဆို စာမေးပွဲကြီးဖြေရတော့မယ်...
အဖူးကိုသူ့ဘက်ကချစ်ခွင့်ပန်ချင်တာတောင်အဖူးဘက်ကလက်ခံမယ့်ပုံမ ပေါ်......

မြန်မာစာဖြေတဲ့နေ့ သူမဟာ အိင်္ကျီအပန်းရောင်အ ပေါ် ထပ်လေးဝတ်ပြီးလာဖြေတယ်...သူမရဲ့အမေလိုက်ပို့ပြီးကြိုတာမလို့သူနဲ့မတွေ့ဖြစ်ခဲ့ပါ....နောက်နေ့တွေမှာ အဖူးရဲ့အဖေပါလာကြိုတယ်...တကယ်ဘဲ...သူတို့(၂)ယောက်မှာဆုံစည်းနိုင်စွမ်းမရှိတော့ဘူးလား...ကွာ...

ဒီနေ့စာမေးပွဲပြီးလို့လားရှိုးပြန်မယ့်နေ့...ဒယ်ဒီကကျောင်းပြီးတာနဲ့ တက္ကသိုလ် ကို Harvard မှာတက်  ရမယ်လို့ပြောခဲ့တာမလို့...သူလည်းစိုင်းစစ်နဲ့တူတူဝင်ခွင်ကိုလျှောက်ထားရန်တိုင်ပင်ခဲ့ကြတယ်....
နောက်ဆုံးအနေနဲ့သူ့ရဲ့ဖုန်းကဒ်အသစ်နဲ့ အဖူးရဲ့ဖုန်းကို ခေါ်လိုက်တယ်...ကံဆိုးစွာနဲ့ဖုန်းဟာမကိုင်ခဲ့ပါ...

နှုတ်ဆက်ခဲ့တယ် ကျွန်တော်ချစ်ရတဲ့တရုတ်မလေး...

*********

ကံအိမ်တော်ကို ရောက်တာနဲ့ ဒယ်ဒီရဲ့လုပ်ငန်းတွေအတွက်သူအတွေံအကြုံယူရင်း site ထဲဝင်ရတယ်၊၊စိုင်းစစ် နဲ့တောင်မတွေ့ဖြစ်ဘူး...

သူ့အလုပ်ဟာ အိမ်နဲ့ အလုပ်...ဘာသာစကား...ငြီးငွေ့ဖို့ကောင်းတယ်...
မာမီနဲ့ဒယ်ဒီကသူ့ကိုချစ်တယ်...သူလိုသမျှ
သူ တသမျှ...ဖြည့်ဆည်းပေးပေမဲ့...သူဟာဒီလိုချမ်းသာကြွယ်ဝမှုဒဏ်ကိုမကြိုက်ပါ...အထီးကျန်သလိုခံစားချက်...ဟုတ်တယ်....

သူအနေနဲ့ဒါကြောင့် သူ့ကိုအထီးမကျန်စေတဲ့အပျော်လေးတွေကိုများများအရံထားပေးတယ်...
သူအလုပ်လုပ်နေတဲ့တစ်လျှောက်သူ့အတွက် မ ကဘဲအကုန်လိုက်လုပ်ပေးတယ်...

သူ့အတွက်ဘာမှ stress မရှိ...ဒီနေ့ ဒယ်ဒီတို့ ရဲ့ မပြီးနိုင်တဲ့ဟန်နီးမွန်းကို နော်ဝေး မှာသွားဖန်တီးတယ်...သူ့အတွက် အိမ်မှာ အကုန်အဆင့်သင့်ထားခဲ့ပေမဲ့...ပြီးပြည့်စုံနေပေမဲ့...အထီးကျန်တဲ့နေရာကိုသူမသွားချင်...

Miss Her Day By Day (OC)Where stories live. Discover now