အပိုင်း(၆)🌹uni/zgi

2.5K 132 22
                                    

🌹🌹🌹ဆရာမ ဟာသူ့ရဲ့university lifeကအကြောင်းတွေကို sharingလုပ်ပြီး...သြဝါဒပေး ဆုံးမနေတာမလို့အဖူးတို့လည်း...ရယ်လိုက်...နားထောင်လိုက်နဲ့ မနက်ပိုင်းအတန်းချိန်ဟာပြီးဆုံးသွားလေရဲ့..နေ့လည်အတန်းချိန်ရှိသေးတာမလို့ ကန်တင်းဘက်ကိုသွားပြီးသာ...အဖူးတို့နေ့လည်စာစားကြသည်၊၊

"ရာရာ...ထမင်းကြော်စားမှာလား...ထမင်းဖြူလား"

"ထမင်းကြော်...ကြက်နဲ့"

"ဒါဆို ညီမလေး..ထမင်းကြော်ကြက်နဲ့တစ်ပွဲ....ထမင်းဆီဆမ်းကို ကြက်ဥ မကျက်တကျက်လေးနဲ့...ကြက်စပ်ကိုပုံပေး..အအေးက...ထောပတ်(၂)ခွက်.."

"ဟုတ်ကဲ့ မမ.."

အဖူးလည်း ကန်တင်းက ကလေးမလေးကို စားပွဲမှာပြီး...

"ရာရာ... ခူးလေး ကောအဆင်ပြေရဲ့လားမသိဘူး.."

"အဆင်ပြေမှာပါ ဖူးရဲ့....ကျောင်းဆင်းမှ ဖုန်းပြောကြမယ်လေ...ခူးလေးနဲ့.."

"ကောင်းတာဘဲ...အဖူးတော့ ခူးလေးမရှိတာ တစ်ခုခုလိုနေသလိုဘဲ...အမြဲတူတူရှိခဲ့လို့နေမှာ.."

"ရာရာ ကောဘဲ...မကြာခင်တော့နေသားကျမှာပါ...ရာရာတို့ ဘွဲ့ယူပြီးရင်ပြန်ဆုံမှာဘဲကို...အဆက်အသွယ်လည်းရှိနေတာဖူးရယ်.."

"ဟုတ်တယ်နော်...ဟီး.."

"အမရာ...ဖူးလေး...ကိုမင်း တို့(၃)ယောက်ဒီမှာထိုင်မယ်နော်.."

အဖူးတို့နားကိုရောက်လာတဲ့အယ်မင်းဟာ သူ့ဘာသူပြောပြီး တန်းနေရာယူကာ...နောက်ကပါလာတဲ့ဟိုနှစ်ယောက်ကိုလည်းနေရာချပေးလိုက်တယ်...အဖူးတို့ကထိုင်လို့တောင်မပြောရသေးဘူး...

"အယ်မင်းဝေ...နင်တို့ကို ထိုင်လို့ ငါနဲ့ဖူးကပြောလား..."

"မပြောလည်း ထိုင်လို့မရဘူးလား...အမရာဆူး...ဒီမှာကန်တင်းတစ်ခုလုံးပြည့်နေပြီ...ငါဗိုက်ဆာနေလို့ပါဟာ..ညီမလေး...မှာမယ်.."

အမရာလည်းဆက်မပြောတော့ဘဲ...အဖူးကလည်း...သူ့ကြည့်ရတာတကယ် ဗိုက်ဆာနေပုံမလို့.ပြီးတော့တကယ်လည်းခုံလွတ်မရှိတာကြောင့်...အတိုက်ခံမလုပ်တော့ပါ...ဆိုးတာကတော့ အဖူးရဲ့ဘေးနားကပ်ရပ်မှာ...ဟန်ပြည့်ကထိုင်နေတာမလို့...အဖူး နေရခက်သည်...

Miss Her Day By Day (OC)Where stories live. Discover now