အပိုင်း(၁၂)🌹Uni/Zgi

959 95 25
                                    

🌹🌹🌹

အဖူးတို့ဒီနေ့တော့ တန်ဆောင်တိုင်ကျောင်းပိတ်ရက်လည်းကျတယ်...ပြီးတော့ ပထမနှစ်ကျောင်းသားတွေ..king/Queen မေဂျာအလိုက်ကော...the whole ရွေးခံရသူတွေ...ပါစုပြီး..final က စီနီယာတွေက...ဖွင့်ပွဲအတွက်...ရှမ်းရိုးရာအကကဖို့အတွက်ရွေးချယ်ထားတာကြောင့်...မပါမဖြစ်...ကိုကို နဲ့အတူ စိုင်းစစ်တို့ပါ ကရမှာဖြစ်တယ်...အဖူးနဲ့အမရာကိုလည်း ဆရာမတွေက အတင်းထည့်ပေမဲ့ အဖူးတို့က မပါချင်ပါ...ဒါကြောင့်...stage နောက်ကနေဘဲ လိုအပ်တာတွေကူညီတဲ့ team အနေနဲ့လိုက်မှာဖြစ်တယ်...

ကိုကို...ကတော့ အဖူးနဲ့တူတူ တွဲကရမှပါချင်တာတဲ့...ဒါပေမဲ့ အစဥ်အလာအရ...ပါတနာ queen/princess တွေနဲ့သာတွဲရမှာဖြစ်တယ် မဟုတ်လား...ဒါကြောင့် အဖူး လူမုန်းတော့မခံနိုင်ပါ၊၊သူ့ သူကချင်ကပေါ့....အဖူးတော့ စင်နောက်ကနေဘဲကူနိုင်တယ်...ဒါတောင် စီနီယာဝိုင်းကအကူအညီတောင်းထားတာကြောင့်ပင်...ဖူး အနေနဲ့ဆို လိုက်ဖြစ်မယ်မထင်ပါ၊၊ဒါကြောင့်သူတို့ အကသမားအဖွဲ့က သက်သက် အဖူးတို့ကသက်သက်သွားရမှာဖြစ်သည်၊၊

"ဖူး....ကား ကကြာလိုက်တာဟယ်"

အမရာက..ဖုန်းကိုကြည့်လိုက် လမ်းမဘက်ကိုငေးမော့လိုက်
ဖြင့်..ညည်းညူနေ၏၊၊တကယ်လည်း ကားကကြာနေတာဖြစ်တာကြောင့် ဖူးလည်း တကူးတကကြီး တော့ပြောမနေတော့ပါ၊၊ညနေ၇နာရီပွဲအခမ်းအနားစမှာလို့ပြောထားတာ...အခုဘဲ ၆နာရီကျော်နေပြီ...ပြီးတော့ ပွဲအတွက်ဝတ်စုံတွေကော.....လိုအပ်တဲ့ လက်ဝတ်လက်စားတွေပါဖူးတို့တာဝန်ယူထားတာဖြစ်တဲ့အတွက်ဖူးတို့က ကြိုရောက်နေရမှာပင်...

"I lost my mine......🎶🎵"

ဖူး ရဲ့ ဖုန်း ringtone  ကြောင့် ဂျင်းဘောင်းဘီအိတ်ကပ်ထဲထည့်ထားတဲ့ဖုန်း ကိုနှိုက်ဖို့ရာ...လက်ထဲက လက်ဝတ်လက်စား သေတ္တာကိုချပြီး...စီနီယာဝိုင်း ဖုန်းဖြစ်တာကြောင့်ဖူးချက်ချင်းကိုင်လိုက်၏၊၊

"Hello...စီနီယာ"

"ဖူး တို့ဘယ်နားရောက်နေပြီလဲ.."

"ရှင်...ဘာကိုဆိုလိုတာလဲ...ဖူးတို့ အခုထိ
ကျောင်း    ရှေ့မှာဘဲရှိနေတာ.."

Miss Her Day By Day (OC)Where stories live. Discover now