Ep(3)🌹Uni/Zgi

2.8K 122 11
                                    

🌹🌹🌹

ဟန်ပြည့် တစ်ယောက်အခုထိ အဖူးဆီကပြန်စာမရသေးပါ၊၊seenတော့ပြသွားပေမဲ့...သူမဘက်ကစာတစ်ဆောင်တောင်မဝင်လာ၊၊သူစိတ်ညစ်စွာနဲ့အိပ်ယာပေါ်ပစ်လဲချပြီး...မျက်နှာကိုလက်တင်ကာနေရင်း.....

"Lee ကွာ....ကျစ် ဖူးသဇင်..."

မနေနိုင်စွာဘဲသူဖုန်း ခေါ်လိုက်တယ်၊၊ဖုန်းဟာမဝင်၊၊အခါပေါင်းများစွာ ခေါ်လည်းမဝင်၊၊viberမှာလည်း block သွားတာမိနစ်ပိုင်းအတွင်း....သူစိတ်တွေပူပန်လာတယ်၊၊ဘာကိုပူပန်လဲသူမသိဘူး...သေချာတာတော့အဖူးကြောင့်...

သူ့အံဆွဲထဲကဖုန်းကဒ်တစ်ခုကိုထုတ်ပြီးဖုန်းထဲလဲထည့်ကာ...အဖူးဖုန်းကို ခေါ်လိုက်ပြန်တယ်၊၊ဖုန်းကဝင်သွားတာနဲ့တန်းပြီးကိုင်တာကြောင့်သူစိတ်တိုမိတယ်၊၊ဖုန်းစိမ်းကျကိုင်ပြီးသူ့ကိုကျမကိုင်ရုံတင်မဟုတ်ဘူး...blockသွားတယ်၊၊

"ဟယ်လို..."

"....,,,,....."

"ဘာလဲ အူကြောင်ကြောင်နဲ့....."

သူမဆီကအသံကိုသူနားထောင်ရင်းပြုံးမိပြန်တယ်၊၊ခဏလေးပါဘဲ ချသွားပြန်တယ်၊၊သူထပ် ခေါ်လိုက်တယ်၊၊သူမ မကိုင်ဘူး....သူ၅ခါထိထပ် ခေါ်တယ်၊၊သူမကိုင်တာနဲ့...

"ဒီမှာလူလိုနားမလည်ဘူးလား
ဖုန်းမှားနေရင် ဆက်မခေါ်နဲ့ "

အဖူးရဲ့ ဒေါသတွေဟာဒီဖုန်း ခေါ်သူထံကိုပုံချမိတယ်၊၊အဖူးဒီနေ့စိတ်မကြည်ပါ၊၊ကံဆိုးစွာနဲ့ဘုန်းကံဟန်ပြည့်ကြောင့်သာမက ရာသီပါလာနေတယ်၊၊ဒါကိုဖုန်းကခဏခဏ ခေါ် ၊ဘာမှလည်းမပြောဘူး....

"ဘာလို့ ကျွန်တော့်ကို blockတာလဲ"

"ဘုန်းကံဟန်ပြည့်...."

"ဟုတ်တယ် ကျွန်တော်ဘဲ... အဖူး ဘာလို့လဲ ကျွန်တော် အဖူးရဲ့ Exo ကိုပြောမိတာအဲ့လောက်အပြစ်ကြီးသွားတာလား..."

အဖူးဘက်က ဒါလေးနဲ့သဘောထားသေးသိမ်တယ်လို့သူကထင်နေတာလား၊၊အဖူးရဲ့မာနတွေကိုသူကလာကစားနေတာလေ၊၊အဖူးဖုန်းချပစ်ချင်သည်၊၊ဘယ်ထိမှဆက်မသွားချင်ဘူး...,အခုအခြေအနေကတောင်အဖူးကိုနာကျင်စေတယ်...ဒါပေမဲ့ အဖူးငိုနေမိတယ်...မျက်ရည်တွေဟာသူ့အလိုလို စီးကျလာရင်း အဖူး ပါးစပ်ကို လက်ဖြင့်ဖိအုပ်ကပ်ကာ...တင်းခံနေမိတယ်...

Miss Her Day By Day (OC)Where stories live. Discover now