အပိုင်း(၉)🌹uni/zgi

1.9K 127 10
                                    

🌹🌹🌹

မှန်ထဲမှာမြင်ရတဲ့ပုံရိပ်ကိုကြည့်ပြီး သူတစ်ချက် ဟက်
ခနဲ့ရယ်ချမိ၏၊၊နဖူး ထိပ်မှ အမာရွတ်ဟာသေးသေး
လေးဆိုရင်တောင် သူ့လိုလူအဖို့ အနည်းငယ် ယောင်နေ၏၊၊
ဆေးရုံဆင်းဖို့အချိန် ဟာကပ်နေပြီဖြစ်ပြီး...ဆရာဝန်က တန်းဆင်းလို့ရတယ် ဆိုသော်လည်း သူ့အနေနဲ့... အဖူး ၏သနားညှာတာမှုကိုရလိုရငြား...ဆေးရုံမှာကပ်နေခဲ့သည်၊၊

ဒီအတောအတွင်းအဖူး၏မေတ္တာများကိုသူ သေချာပေါက်ခံစားမိသည်၊၊နေမကောင်းတဲ့အခါ ဆန်ပြုတ်ပူပူသောက်ရတယ်ဆိုတာ သာမန်လူတန်းစားကအစသိပြီးခံစားရပေမဲ့...သူ့အနေနဲ့ပထမဆုံးအကြိမ်အဖြစ် တစ်စုံတစ်ယောက်ဆီမှ ဆန်ပြုတ်ပူပူကို သူ့အတွက်ဆိုတဲ့ဦးတည်ချက်နဲ့ရရှိခြင်းသာ...
အိပ်ခါနီးအချိန်မှာခေါင်းလေးပုတ်ပြီး"အိပ်တော့ တစ်ခုခုလိုရင်ဘေးနားမှာရှိနေမယ်ဆိုပြီး"ပြောတဲ့စကားသံလေး....သူတစ်ခုခုနာကျင်မလားဆိုပြီးစိုးရိမ်ပေးတဲ့သူမ....သူ့ဘဝမှာပျော်ရွှင်ဆုံးအချိန်ဟာ....ဒီလိုဆေးရုံမှာလူနာတစ်ယောက်ဖြစ်နေတဲ့အချိန်လို့ဖြေရင်အံ့သြကြမလား....

နဖူးကအနာကိုမထိအောင်သေချာ မျက်နှာသစ်ပြီး...သန့်စင်ခန်းအပြင်ဘက်ကိုထွက်လာခဲ့သည်၊၊ဒီနေ့ဆေးရုံဆင်းမယ့်နေ့ဖြစ်တာကြောင့်ရှိတဲ့ပစ္စည်းတွေကိုအသင့်ပြင်ထားလိုက်သည်၊၊အဖူး ကသူမကိုယ်တိုင်လာမှပြန်ရမယ်ဆိုလို့...သူ
အဝတ်အစားကို ဂျင်းကုတ်နဲ့ စတိုင်ပန့်ဘောင်းဘီအရှည်ကိုသားသားနားနားဝတ်ပြီး ထိုင်စောင့်နေလိုက်သည်၊၊

"Listen to my heart beat.....🎶🎶🎶🎵"

ဖုန်းသံကြားတာကြောင့် သူထပြီး အိတ်ထဲကဖုန်းကိုယူလိုက်ပြီး...content ကိုကြည့်ပြီး သူ့မျက်နှာဟာချက်ချင်းကိုတည်သွားမိသည်၊၊ပျော်ရွှင်မှုတွေကိုရှာမတွေ့ရတဲ့မျက်နှာထား...

"ဟယ်လို..."

"ဟယ်လို my son....ဒီနေ့ဆေးရုံဆင်းမယ့်နေဆို.."

"သားလေး....မာမီတို့စိတ်ပူနေတာ...လိုအပ်တာရှိလား...
ငွေလိုရင်ပြောနော် သားလေး...မာမီ...ဒီမှာအလုပ်များနေလို့
သားလေး ဒယ်ဒီ ကမာမီမရှိရင်မဖြစ်ဘူးသိလား...ဒါကြောင့် သားလေး နား မ လာနိုင်တာ မာမီတို့ကို နားလည်ပေးနော်.. "

Miss Her Day By Day (OC)Where stories live. Discover now