"ကျစ်!! ခေါင်းကိုက်လိုက်တာ"
တိုးတက်လူတယောက် ခေါင်းတွေကိုက်လာပြီး နိုးလားပါတော့တယ်။အဖြူရောင်ပေါ်မှာ ရွှေရောင်ကနုတ်ပန်းတွေ အလှဆင်ထားတဲ့ မျက်နှာကျက်ကိုကြည့်ရင်း
'ဆေးရုံလား'
စိတ်ထဲကပြောရင်း လှဲအိပ်နေရာကနေ ဘေးကို စောင်းလိုက်တယ် ဖြူဖြူဖွေးဖွေးနှင့် အနက်ရောင်ဆံနွယ်ရှည်တွေကို စကုတ်ကုတ်ကာ ချထားပြီး ပန်းနုရောင်ဂါဝန်လေးဝတ်ထားတဲ့ ကောင်မလေးက သူ့လက်နှစ်ဖက်ပေါ်ခေါင်းတင်ပြီးအိပ်နေသည်။
ကျွန်တော်လဲ ထ ထိုင်လိုက်ကာ ထိုကလေးမကို ပုခုံးပုတ်နိုးလိုက်သည်။ သူကလည်း မျက်စိကို လက်ဖြင့်ပွတ်ကာ ကျွန်တော်ကို ပြူးကြောင်ကြည့်ပြီး
"မောင်လေးနိုးလာပြီလား...ဆရာမ၊ မမ နီရဲနိုးလာပြီ"
အော်ပြီးအခန်းအပြင်ဘက် ပြေးထွက်သွားသည်။
'ဟင်..နီရဲ..နီရဲကဘယ်သူလဲ...အော်သိပြီ Comic ထဲက red ranger မလား.. အဲကလေးမ comic ရူးရူးနေတာဘဲ..ဒါနဲ့ ငါဘယ်ရောက်နေတာလဲ..ကားတိုက်ခံလိုက်ရတာမဟုတ်ဘူးလား..အိပ်မက်လား'
တွေးရင်း ပါးကိုလက်နှစ်ဖက်ဖြင့်အသားကုန်ချလိုက်သည်။
"အားလားလား..အစစ်ကြီးဘဲ"
ပြောပြီးတော့ ဘယ်ညာရှေ့နောက်လှည့်ကြည့်ရင်း
ကုတင်ရှေ့က ဗီဒိုမှာပါတဲ့မှန်ကို ကြည့်လိုက်ချိန် မှန်ထဲ ၁၄နှစ်အရွယ်ကောင်လေးတယောက်ကိုတွေ့လိုက်တယ်။
"အဲမယ် တယောက်ယောက်ရှိနေတာလား"
မှန်ကိုကြည့်ပြီးတော့မေးလိုက်သည်။မှန်ထဲက သူပါးစပ်လုပ်သလိုလိုက်လုပ်တော့ ပြူးကြောင်သွားသည်။
"ဟဲ့ကောင်လေး လူကြီးကိုမစရဘူးလေ"
မှန်ထဲကကောင်လေးကလဲ သူ့လိုလုပ်ပြတော့ လန့်သလိုဖြစ်သွားပြီး ဒေါသထွက်လာကာ ကုတင်ပေါ်ကနေ ဆင်းလာကာ ကောင်လေးကို စိတ်တိုပြီး အကျီစကို ဆွဲကိုင်ဖို့လုပ်လိုက်ချိန်မှ မှန်ဆိုတာသိတော့သည်။
"ဟင် မှန်ကြီးလား..အဲဆို အထဲကငါပေါ့... ပြန်ဝင်စားတာလား... anime ထဲကလို ထရက်ကားတိုက်ပြီးဝင်စားသလိုမျိုးလား..နေပါအုံး ငါကိုတိုက်တာ ကုန်တင်ကားကြီး"
YOU ARE READING
My Lover is Villain💞[ကျွန်တော့်ချစ်သူက ဗီလိန်💞]
Fantasyမဂ်လာပါ ဒါလေးကတော့ ငုံးဥရဲ့fic အသစ်လေးဖြစ်တဲ့ ကျွန်တော်ချစ်သူကဗီလိန်💞[My Lover is Villain 💞]မိတ်ဆက်ပေးပါရစေ။ တိုးတက်လူ ဆိုတဲ့၃၁နှစ်ရွယ် နေ့စားအလုပ်သမားတယောက်ဟာ အလုပ်ကနေအိမ်ပြန်ချိန် ဘရိတ်ပေါက်နေတဲ့ ကားကိုမရှောင်နိုင်ဘဲ ချောသွားပါတော့တယ်။သူပြန်နိုး...