"မင်းက ငါ့ကို ဘယ်ကတည်းကGreat Cosmosကသူ မှန်းသိနေတာလဲ"
"ကျောင်းကိုရောက်ကတည်းက.....ကျွန်တော်ခင်ဗျားရုပ်ကြီး ခွေးချီသွားတောင်မှတ်မိတယ်"
"ပြောရက်တယ်...ငါရဲ့ တည်ကြည်ခန့်ညားချောမောလှတဲ့ ရုပ်ကလေးကို"
"ဟုတ်ပါပြီ ၊ခင်ဗျားရဲ့...ဒါနဲ့ဟိုနေ့က မိန်းကလေးလို့ထင်ပြီး ဆက်ဆံမိတာတောင်းပန်ပါတယ်"
"ရပါတယ်..ရပါတယ်၊ဒီကလူကဘဲ သဘောထားကြီးစွာ ခွင့်လွှတ်ပေးလိုက်မယ်"
ဘုန်း!!
"မင်းတို့ကောင်တွေ ငါ့ရုံးခန်းကို လက်ဖက်ရည်ဆိုင်လို့ထင်နေကြတာလား...ရောက်ကတည်းက စကားများနေကြတာ... ဒီကငါ့ကို အရေးလေးပါလေးလုပ်ကြပါအုံး"
လူ6ယောက်ကို ရိုက်ပြီး ကျောင်းအုပ်ကြီး ရုံးခန်းရောက်လာတာတောင် နီရဲနဲ့ Moon က စကားပြောမပျက်တာကြောင့် ကျောင်းအုပ်ကြီး ဒေါသထွက်ကာ ခုံကိုရိုက်လိုက်ပြီး အော်လိုက်ပါတော့သည်။
"တောင်းပန်ပါတယ်"
"တောင်းပန်တယ်..ရုံးခန်းဆိုတာမေ့သွားလို့"
နှစ်ယောက်သား ပြိုင်တူဖြေပေမဲ့ Moon ကတော့ ကျောင်းအုပ်ကြီး ဒေါသကိုပိုဆွမိသွား
"အေးပါကွာ...မင်း နာမည်က"
"သော်တာ"
"အင်း၊သော်တာ..မနက်ဖြန် ကျောင်းကိုမိဘခေါ်လာခဲ့"
ကျောင်းအုပ်ကြီး စကားကြောင့် နီရဲက
"ဒါတော့ မမျှတဘူး...သော်တာကသာ နစ်နာသူ..ဟိုကောင်တွေကသူ့ကိုဝိုင်းအနိုင်ကျင့်ဖို့လုပ်နေကြတာလေ"
"ရန်ကိုရန်နဲ့မတုံ့ပြန်သင့်ဘူးကွ...သည်းခံခြင်းသည် အောင်မြင်ခြင်းတဲ့..သူတို့အနိုင်ကျင့်ရင် ဆရာတွေဆရာမတွေရှိတယ်..တိုင်လေ"
"အဲဆိုကျောင်းအုပ်ကြီးကို ကျွန်တော်တစ်ချက်ထိုးမယ်...ကျွန်တော့်ကိုပြန်မထိုးနဲ့...ပြီးတော့ကျောင်းလဲမထုတ်နဲ့"
"မင်း!!"
"မြင်လား..ဆရာကြီးတောင်သည်းမခံနိုင်တာ..သော်တာလည်းဘယ်သည်းခံနိုင်မလဲ..အဲကြောင့် ပြန်ချတာ..သူမှန်တယ်"
YOU ARE READING
My Lover is Villain💞[ကျွန်တော့်ချစ်သူက ဗီလိန်💞]
Fantasyမဂ်လာပါ ဒါလေးကတော့ ငုံးဥရဲ့fic အသစ်လေးဖြစ်တဲ့ ကျွန်တော်ချစ်သူကဗီလိန်💞[My Lover is Villain 💞]မိတ်ဆက်ပေးပါရစေ။ တိုးတက်လူ ဆိုတဲ့၃၁နှစ်ရွယ် နေ့စားအလုပ်သမားတယောက်ဟာ အလုပ်ကနေအိမ်ပြန်ချိန် ဘရိတ်ပေါက်နေတဲ့ ကားကိုမရှောင်နိုင်ဘဲ ချောသွားပါတော့တယ်။သူပြန်နိုး...