Chapter[8]

15 1 0
                                    

"ဖွီး!!ဟားဟားဟား...ခင်ဗျားတို့ Great Cosmos က သူငယ်ချင်းဖြစ်ချင်ဒီလိုခွင့်တောင်းတဲ့ဓလေ့ရှိတာလား....မသိရင်လက်ထပ်ခွင့်တောင်းနေသလိုကြီး"

ခုထိMoon တယောက် စိတ်လှုပ်ရှားပြီးတကိုယ်လုံးတုန်ရီနေပေမဲ့ သူ့ပါးစပ်ကမတော်တဆထွက်သွားတဲ့စကားတခုကြောင့်
ချစ်သူမဖြစ်ဘဲ သူငယ်ချင်းသာဖြစ်သွားတော့သည်။

"အမ်..အင်း"

"ထူဆန်းလိုက်တာ ခင်ဗျားတို့ Great Cosmos သားတွေက...ကျွန်တော့်နာမည်က တိုး..အဟမ်း..နီရဲ...ခင်ဗျားကတော့ မိတ်ဆက်တာကို တခန်းတနားကြီးပြုလုပ်နေတာဘဲ...မနက်ထဲက မှော်နဲ့ခဏပုံပြောင်းပြီး မိတ်ဆက်လဲရနေတာကို"

"ငါကမှောင်စွမ်းအင်မသုံးနိုင်ဘူး"

"ဟမ်..အဲဆိုခင်ဗျားကျောင်းလာတော့ ဘယ်လိုပုံပြောင်းလာတာလဲ"

"အဲတာ Healing တီထွင်ထားတဲ့ ၁၁နာရီခံ ပုံပြောင်းမှော်ဆေးလုံးသောက်လာတာ"

စကားပြောနေရင်း နီရဲတခုသတိရသွားတယ်

'သူကအိမ်ရှေ့စံ..အဲအိမ်ရှေ့စံဆိုတော့ ငါဖတ်နေတဲ့ Comic ဇာတ်သိမ်းခန်နီးပေါ်လာတဲ့ Last boss Dragon father ကြီးပေါ့...အယ် ဖြစ်နိုင်ပါ့မလား မှော်စွမ်းအင်တောင်မသုံးနိုင်တဲ့ နူးညံ့တဲ့သူကလေ last boss တဲ့လား...နာလိုက်တာ မသေခင် Natural Rangers အပြီးဖတ်ခဲ့သင့်တယ်...အထင်သေးလို့‌တော့မဖြစ်သေး Last Boss ဆိုတဲ့အတိုင်းစွမ်းအားကြီးလောက််မယ်...ငါကရန်သူဆိုတော့လိမ်ထားတာဘဲဖြစ်ရမယ်'

စဉ်းစားပြီးတဲ့နောက် နီရဲက

"အော်...အဲတာကြောင့် အခန်းမှားဝင်တဲ့နေ့က ကျွန်တော်ကိုဘာမှမလုပ်နိုင်တာကို"

နီရဲက Moon ကိုအထင်သေးသလို ပြောလိုက်တော့ Moon မကျေမနပ်ဖြစ်သွားတာ

"ဘာမှမလုပ်နိုင်တာမဟုတ်ဘူး...မလုပ်ရက်လို့...တကယ်လို့အခန်းထဲမှာသာ မှော်လက်နက်ရှိရင် မင်းအပိုင်းပိုင်းခုတ်ထစ်ခံရပြီး ခုချိန်ဆိုခွေးစာဖြစ်နေလောက်ပြီ"

မခံမရပ်နိုင်ရှူးရှူးရှဲရှဲဖြစ်နေတဲ့ Moonပုံစံကို နီရဲ ရီချင်မိပြီး ပိုစနောက်ချင်လာကာ

You've reached the end of published parts.

⏰ Last updated: Nov 12 ⏰

Add this story to your Library to get notified about new parts!

My Lover is Villain💞[ကျွန်တော့်ချစ်သူက ဗီလိန်💞]Where stories live. Discover now