Chapter[5]

9 0 0
                                    

"အားလုံးဘဲ၊ လက်တလော အတိုက်ခိုက်တွေ‌ ခေတ္တဆိုင်းငံ့ထားဖို့ အိမ်ရှေ့စံက အမိန့်ထုတ်ပြန်လိုက်တယ်"

Moon ရဲ့အမိန့်ကို ညာလက်ရုံး younger က ကြေညာလိုက်တော့ အစည်းဝေးအခန်းထဲရှိ လူတွေအကုန်လုံးလှုပ်ရွကာ ဆူညံလာတော့တယ်။

"ဟမ်'" ဘာလို့" "အိမ်ရှေ့စံတခုခုဖြစ်လို့လားညှောင်"

"ဘုန်း!!"

"တိတ်ကြစမ်း!! ဆူညံနေတာဘဲ၊ကျက်သရေကိုမရှိဘူး"

Dragon က ခုံကို လက်နှင့်ရိုက်ပြီး အော်လိုက်မှ အစည်းဝေးခန်းတခုလုံး ငြိမ်သက်သွားသည်။

"တပ်မှူး Younger"

"အမိန့်ရှိပါ၊သခင် Dragon"

"ခမည်းတော်က နှစ်သုံးရာတွင်းဘယ်တိုက်ပွဲမှ ဆိုင်းငံ့တာမရှိဘူးဖူး၊ခုကဘာဖြစ်လို့လဲ"

"ဟုတ်ကဲ့၊ ဘာလို့လဲဆိုတော့ အိမ်ရှေ့စံက ဒီဂျယ်လီမြေကြီးကို တခါထဲအပြတ်သိမ်းမို့ Plan ချနေတာကြောင့်ပါ"

"ဝိုး!!ဒါမှငါတို့ အိမ်ရှေ့စံကွ"

Dragonနဲ့ Younger တို့စကားဝိုင်းတွင်း Thunder ကစကားထပ်ပြောတော့ Lovely lovely ညှောင်ကပါ

"ငါတို့သခင်က မိုက်လိုက်တာညှောင်"

Younger လဲအမိန့်ကို ကြေညာပြီး Moon အခန်းဆီ  လျှောက်လာခဲ့သည်။တံခါးကို ခေါက်ဖို့ရှိသေး

ဒုတ်ဒုတ်ဒုတ်!!

"တော်ပါတော့၊တော်ပါတော့ အိမ်ရှေ့စံရာ..အီးးဟီးး"

Elder အသံကြောင့် younger စိုးရိမ်သွားပြီး တံခါးမခေါက်ဘဲဝင်လာလိုက်သည်။အခန်းထဲမှာတော့ အိမ်ရှေ့စံက ကိုယ့်နဖူကို ကိုယ် နံရံနဲ့တိုက်နေတာ သွေးတွေပါထွက် Elder ကျတော့လဲ ဝင်ဆွဲဖို့နေနေသာသာ Moon ခြေထောက်တွေကို ဖက်ပြီးအော်ငိုနေတော့သည်။

"ဘာတွေဖြစ်နေကြတာလဲ"

"အိမ်ရှေ့စံက ကိုယ့်ဟာကို သေကြောင်းကြံနေတယ် အီးဟီးး"

"အဲတာကို အစ်ကိုတော်ကမ‌ဆွဲဘဲ ထိုင်ငိုနေတယ်ပေါ့"

"အဲ..ဟုတ်သားဘဲ မေ့နေတာ အီးဟီးး"

Younger ကိုယ့်နဖူးကိုယ်သာရိုက်လိုက်ပါတော့ သူ့အစ်ကို Elder ကိုအိမ့်ရှေ့စံနဲ့ နှစ်ယောက်ထဲထားခဲ့မိတာသူ့အမှား အစ်ကို elder က ခွန်အားပိုင်းမှာသူများထက်ကျော်လွန်ပေမဲ့ ညာဏ်ရေးကတော့ နိမ့်ပါးတဲ့ငတုံးတယောက်ပါ။

My Lover is Villain💞[ကျွန်တော့်ချစ်သူက ဗီလိန်💞]Where stories live. Discover now