"ရောက်လာကြပြီပေါ့...အရှုံးသမားလေးတွေ..ဟားဟားဟား"
Dragon ပြောလိုက်သည်။
"လူယုတ်မာတွေလူတွေကို လိုက်ဒုက္ခပေးပြန်ပြီ"
ပင်လယ်ပြာ(blue) အပြောကြောင့် Dragon မှ
"သုခပါ..သုခပါဗျာ့၊ဟုတ်တယ်မလားသဲလေးတို့"
မျက်စိတဖက်မှိတ်ပြတော့ ကောင်မလေးတွေမှ
"အိုက်စ်!!!ဟုတ်တယ် ကိုကို"
တပြိုင်ထဲအော်ပြီးပြောလိုက်ကြတော့ Blue မှာ ရှက်ရှက်နဲ့
"ဘာဖြစ်ဖြစ်ဒုက္ခပေးနေတာဘဲ၊ မင်းတို့မြူဆွယ်တဲ့ တချို့မိန်းကလေးတွေက ကျောင်းသူလေးတွေ အသက်တောင်ပြည့်ပါ့မလား၊ တချို့ကျ အိမ်ထောင်သည်တွေပါချင်ပါမှာဘဲလေ၊ အဲတော့ မင်းတို့လုပ်ရပ်က...မင်းတို့လုပ်ရပ်တွေက..အမ်..လူထုကိုနှောက်ယှက်နေတာ ဟုတ်တယ်မလား yellow"
"အွင်း"
"ငါတို့ကဘယ်မှာ လူထုကိုနှောက်ယှက်နေလို့လဲ၊ လူထုကတောင် ငါတို့လာတာကို ဝမ်းသာနေကြတာ"
"ဟုတ်ပါ့"
Dragon စကားကို နီရဲကထောက်ခံတော့ အားလုံးအကြည့်က သူ့ပေါ်ရောက်လာကုန်
"အဲ..အဲတော့...ကျွန်တော်ပြောချင်တာ နှစ်ဖက်လုံး မမှားဘူးလို့လေ"
နီရဲ(red) က ခေါင်းကုတ်ပြီးပြောတော့ Dragon က
"မြင်လား..မင်းတို့ ခေါင်းဆောင်ကတောင် ထောက်ခံနေတာ"
Blue က လဲ စိတ်တိုတိုဖြင့်
"ဘာဘဲဖြစ်ဖြစ်မင်းတို့်မှားတာ၊ ဘာလို့မှားတာလဲဆိုတော့ ဂြိုလ်သားဖြစ်နေလို့..ရှင်းလား..မရှင်းလဲ နှစ်ခါပြန်မပြောဘူး"
"ဝှက်တယ်ဖက်စ် bro..ဒါက လူမျိုးရေးခွဲခြားတာဘဲ..အဲဆိုလဲ ညီအစ်ကိုတို့ မညာတော့နဲ့ Ranger တွေကိုဗျင်းကြ"
Dragon အပြောကြောင့် Super Minion ၅ ယောက် ဦးဆောင်တဲ့ Minion50 က အားမာန်အပြည့်နဲ့
"တိုက်!!"
လို့တညီတညာထဲ အော် Ranger တွေနဲ့ တိုက်ခိုက်ကြသည်။
Ranger logic အရ Dragon နဲ့ Thunder တို့ကတော့ မုန့်လေးစားကာထိုင်ကြည့်နေကြသည်
YOU ARE READING
My Lover is Villain💞[ကျွန်တော့်ချစ်သူက ဗီလိန်💞]
Fantasyမဂ်လာပါ ဒါလေးကတော့ ငုံးဥရဲ့fic အသစ်လေးဖြစ်တဲ့ ကျွန်တော်ချစ်သူကဗီလိန်💞[My Lover is Villain 💞]မိတ်ဆက်ပေးပါရစေ။ တိုးတက်လူ ဆိုတဲ့၃၁နှစ်ရွယ် နေ့စားအလုပ်သမားတယောက်ဟာ အလုပ်ကနေအိမ်ပြန်ချိန် ဘရိတ်ပေါက်နေတဲ့ ကားကိုမရှောင်နိုင်ဘဲ ချောသွားပါတော့တယ်။သူပြန်နိုး...