ခလွမ်း!!
"မင်းတို့ကောင်တွေ တယောက်မှကို စောက်သုံးမကျဘူး..ဒီ ဆယ်ကျော်သက် Rangerလေး တွေကိုတောင် မနိုင်ဘူးလား...ငါ မင်းတို့ကို ဘယ်နားသွားသုံးစားရမလဲ"
"ခွင့်လွှတ်ပါ၊ အိမ်ရှေ့စံ"
"တောင်းပန်ပါတယ်၊ ခမည်းတော်"
အိမ်ရှေ့စံ Moon m. Great Cosmos က သူ့သားတော်နှင့် သူ့လူတွေက Ranger တွေကို ရှုံးလာတာကြောင့် ဒေါသထွက်ကာ စားပွဲပေါ်ရှိရှိသမျှ ပစ္စည်းတွေကို လွှတ်ပစ်တဲ့အပြင် လက်ဖက်ရည် ပန်းကန်လုံးနဲ့ Dragon ကို ပစ်ပေါက်လိုက်တာကြောင့် Dragon နဖူးမှာပေါက်ပြီး သွေးတွေထွက်လာပါတော့သည်။
"တောက်စ်!! မင်းတို့ စောက်ခွက်တွေကို မမြင်ချင်တော့ဘူး"
Moon နဲ့ အစည်းအဝေးအခန်းထဲကနေ မျက်မှောင်ကြုတ်ကာ ထွက်လာတော့သည်။ သူ့အနောက်က elderနှင့် younger တို့ကလဲ လိုက်ပါလာကြသည်။လူသူကင်းတဲ့ နေရာအရောက်မှာတော့ မျက်နှာဖြေလျော့ကာ ပေါ့ပေါ့ပါးပါးလမ်းလျှောက်တော့သည်။
"Younger "
"အမိန့်ရှိပါ"
"Gongon လေးကို ဆေးသေချာထည့်ပေးပြီး ဂရုစိုက်ပေးလိုက်"
"ဟုတ်ကဲ့"
"Elder၊ငါပုံစံ ဘယ်လိုနေလဲ"
"စောက်ရမ်းမိုက်"
"ဟီးဟီး"
Moon တယောက် Elder ချီးကျူးတာကြောင့်
မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ပြီး ဟိုဘက်လှည့်ဒီဘက်လှည့်လုပ်ကာ ရှက်နေပါတော့သည်။"Gongon က ငါ့ပုံစံကို ရှိန်သွားလောက်လား"
"သခင်Dragon က အိမ်ရှေ့စံပုံစံကို ရှိန်ရုံမက ကြွေပါသွားတယ်ထင်တယ်"
Younger အပြောကိုလဲ Moon တော်တော်လေး သဘောကျသွားသည်။
Elder နဲ့ Younger ဟာ အမြွှာမောင်နှမတွေဖြစ်ကြပြီး Moon ရဲ့ အခင်ဆုံးသူငယ်ချင်းတွေဖြစ်ကြတဲ့အပြင် သစ္စာအရှိဆုံးအမှူထမ်း တွေလည်းဖြစ်ကြသည်။ Moon ရဲ့ အကြောင်းကိုလည်း သူတို့အသိဆုံးပါ။
Moonရဲ့ အခန်းရှေ့ရောက်တဲ့ အခါမှာတော့
"ဒီနေ့တော့ ဒီလောက်ဘဲmy friend တို့...သွားနားကြလို့ရပြီ"
YOU ARE READING
My Lover is Villain💞[ကျွန်တော့်ချစ်သူက ဗီလိန်💞]
Fantasyမဂ်လာပါ ဒါလေးကတော့ ငုံးဥရဲ့fic အသစ်လေးဖြစ်တဲ့ ကျွန်တော်ချစ်သူကဗီလိန်💞[My Lover is Villain 💞]မိတ်ဆက်ပေးပါရစေ။ တိုးတက်လူ ဆိုတဲ့၃၁နှစ်ရွယ် နေ့စားအလုပ်သမားတယောက်ဟာ အလုပ်ကနေအိမ်ပြန်ချိန် ဘရိတ်ပေါက်နေတဲ့ ကားကိုမရှောင်နိုင်ဘဲ ချောသွားပါတော့တယ်။သူပြန်နိုး...